The network connection is lost.

Banner Image

ဘော်လွန်းဒီအော်ဆုထက် ကလပ်ကမ္ဘာ့ဖလားအောင်ပွဲကိုသာ ပစ်မှတ်ထားနေတဲ့ ဟယ်ရီကိန်း

ဟယ်ရီကိန်းက ဘော်လွန်းဒီအော်ဆုအကြောင်း မစဉ်းစားထားဘဲ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာဖို့သာ အပြည့်အဝအာရုံစိုက်ထားတယ်လို့ ပြောခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်ရဲ့ဘွန်ဒက်စ်လီဂါချန်ပီယံအောင်ပွဲမှာ အထင်ကြီးလောက်စရာကောင်းအောင် စွမ်းဆောင်ပြီးနောက် အခုနွေရာသီ၊ အမေရိကန်မြေမှာ စိတ်ဆန္ဒအတိုင်းအကောင်အထည်ဖော်နိုင်မယ်ဆိုရင် ဂုဏ်သိက္ခာကြီးမားလှတဲ့တစ်ဦးချင်းထူးချွန်ဆုပြေးလမ်းထက် ဟယ်ရီကိန်း ပါဝင်လာနိုင်ပါတယ်။ ဒါပေမဲ့ အင်္ဂလန်ကပ္ပတိန်ကတော့ ဒီကိစ္စကို စိတ်ထဲမှာ ရေးရေးလေးတောင် မတွေးမိဘူးလို့ အပြတ်ငြင်းဆန်ခဲ့ပါတယ်။

ဟယ်ရီကိန်းက “ တစ်ဦးချင်းဆုတံဆိပ်တွေဆိုတာ အသင်းလိုက်ရရှိခဲ့တဲ့အောင်မြင်မှုတွေရဲ့ရလဒ်ပဲ ဖြစ်ပါတယ်။ အမှန်ပါပဲ၊ ကျွန်တော်ကတော့ ကိုယ့်အသင်းအတွက် ဂိုးသွင်းပေးရမလား၊ ဖန်တီးပေးရမလား ဒါမှမဟုတ် ဘောလုံးဆုံးရှုံးထားချိန် ဘယ်လိုကူညီပေးရမလဲဆိုတာကိုပဲ ပိုပြီးအာရုံစိုက်ထားပါတယ်။တစ်ဦးချင်ထူးချွန်ဆုရရှိတယ်ဆိုတာ ဘောလုံးရာသီအတွင်း ကိုယ်ရရှိခဲ့တဲ့အောင်မြင်မှုအတွက် အပိုဆုတစ်ခုပဲ ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့သာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုအပြင် ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကိုပါ ရယူနိုင်မယ်ဆိုရင် ဒါက ကျွန်တော်တို့ဟာ ဥရောပသာမက ကမ္ဘာအဆင့်မှာပါ အကောင်းဆုံးအသင်းတွေထဲ ပါဝင်နေတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီလိုအောင်မြင်မှုက ကျွန်တော့်အတွက် တစ်ဦးချင်းထူးချွန်ဆု ဖြစ်လာဖို့ရှိမလားဆိုတာကိုတော့ စောင့်ကြည့်သွားရပါလိမ့်မယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အဲ့ဒီကိစ္စကို ကျွန်တော့်ရဲ့စိတ်ထဲမှာ မတွေးထားပါဘူး”လို့ ပြောပါတယ်။

ဟယ်ရီကိန်းက ၂၀၂၄ ခုနှစ်၊ ဘော်လွန်းဒီအော်ဆုမဲပေးရွေးချယ်မှုမှာ TOP 3 ဖြစ်တဲ့ ရိုဒရီ၊ ဗင်နီးစီးယက်စ်၊ ဘယ်လင်ဟမ်တို့ရဲ့နောက်၊ အဆင့်-၁၀ နေရာမှာ ရပ်တည်ခဲ့ပါတယ်။သူက အခုဘောလုံးရာသီမှာတော့ ကစားသမားဘဝပထမဆုံးဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်းက အုတ်ခ်ကလန်စီးတီး၊ ဘိုကာဂျူနီယာ၊ ဘင်ဖီကာတို့နဲ့ရင်ဆိုင်ရမယ့် ဘိုင်ယန်မြူးနစ်ရဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းလူစာရင်းမှာ ပါဝင်လာပါလိမ့်မယ်။