The network connection is lost.

Banner Image

ကျောနံပါတ် ၁၀ အင်္ကျီဝတ်ဆင်ပြီး ဘာစီလိုနာအတွက်ဂိုးသွင်းပေးဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ဆိုလာတဲ့ လာမိုင်းယာမယ်လ်

ဘာစီလိုနာရဲ့ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်ဟာ မကြာသေးမီက ကလပ်ဂန္ထဝင်လီယွန်မက်ဆီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ အင်္ကျီကို ဆက်ခံရရှိထားခဲ့ပြီး ယခုအခါမှာတော့ တောင်ကိုရီးယားကလပ် ဆိုးလ်ကိုအနိုင်ရခဲ့တဲ့ရာသီကြိုခြေစမ်းပွဲစဉ်မှာ အသင်းအတွက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ယာမယ်လ်က သူ့အနေနဲ့ ကျောနံပါတ် ၁၀ ကိုဝတ်ဆင်ပြီး ဘာစီလိုနာအတွက်ဂိုးသွင်းပေးနိုင်ဖို့ အိပ်မက်ရှိခဲ့ဖူးပြီး ယခုအခါမှာ‌တော့ လက်တွေ့ဖြစ်လာခဲ့လို့ အလွန်ပျော်ရွှင်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ဘာစီလိုနာဟာ ယာမယ်လ်ရဲ့သွင်းဂို ၂ ဂိုးအပါအဝင် ၃-၇ ဆိုတဲ့ရလဒ်နဲ့ ဆိုးလ်အသင်းကို တောင်ကိုရီးယားမြေမှာဂိုးပြတ်အနိုင်ယူခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ စပိန်လက်ရွေးစင်ကြယ်ပွင့်က "ကျွန်တော်ဂိုးသွင်းနိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။ ကျောနံပါတ် ၁၀ ဝတ်ဆင်ပြီး ဘာစီလိုနာအတွက်ဂိုးသွင်းပေးဖို့ ကျွန်တော့်အိပ်မက်ပါ။ ကျွန်တော့်အတွက် ထူးခြားတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ အသင်းအနိုင်ရခဲ့လို့လည်း ကျေနပ်မိပါတယ်။ ကျွန်တော်တို့ပရိသတ်တွေက ဘယ်နိုင်ငံမှာမဆို ကျွန်တော်တို့ကို အပြည့်အဝအားပေးကြပါတယ်။ လာမယ့်ရာသီမှာ ပရိသတ်တွေအတွက် ဆုဖလားတွေဆွတ်ခူးပေးနိုင်ဖို့မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

အာရှသို့ထွက်ခွာလာတဲ့ ရာသီကြိုခရီးစဉ်အတွင်း ဘာစီလိုနာဟာ ၂ ပွဲဆက်နိုင်ပွဲဖော်ဆောင်ထားနိုင်ပြီဖြစ်ပြီး လာမယ့်တနင်္လာနေ့မှာတော့ တတိယမြောက်ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် တောင်ကိုရီးယားကလပ် ဒေဂူးနဲ့ ဆက်လက်ယှဉ်ပြိုင်သွားရပါမယ်။