
လိင်ခွဲခြားမှုဆိုင်ရာ မှတ်ချက်များအတွက် နောင်တရကြောင်း ပြောကြားလိုက်တဲ့ ယူနိုက်တက် ကစားသမားဟောင်း ဟာနန်ဒက်ဇ်
မက္ကဆီကန် တိုက်စစ်မှူး ဂျာဗီယား ဟာနန်ဒက်ဇ်ဟာ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့တဲ့ ၁၅၇ ပွဲတွင် ၅၉ ဂိုးသွင်းယူပြီး ၁၆ ဂိုး ဖန်တီးပေးခဲ့တာကြောင့် ယူနိုက်တက် ရဲ့ ဂန္တဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံရပါတယ်။
ဟာနန်ဒက်ဇ် အိုးထရက်ဖို့ဒ် တွင် ငါးနှစ်တာ ကစားခဲ့စဉ်က ယူနိုက်တက်ဟာ နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန် လက်အောက်တွင် ပရီးမီးယားလိဂ် ချန်ပီယံဆု နှစ်ကြိမ် ရရှိခဲ့ပါတယ်။
လက်ရှိမှာ ချီဗက်စ် အတွက် ကစားနေတဲ့ အသက် ၃၇ နှစ်အရွယ် ဟာနန်ဒက်ဇ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဆိုရှယ်မီဒီယာတွင် အမျိုးသမီးများက 'အမျိုးသားပီသမှုကို ဖျက်ဆီးနေပါတယ်' လို့ ရေးသားခဲ့ပါတယ်။
"အမျိုးသမီးတွေ၊ မင်းတို့ ကျရှုံးနေတယ်၊ မင်းတို့က အမျိုးသားပီသမှုကို ဖျက်ဆီးနေတယ်၊ လူ့အဖွဲ့အစည်းကို အထိမခံဖြစ်အောင် လုပ်နေတယ်"
"အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ မကြောက်ပါနဲ့၊ အမျိုးသားတစ်ဦးရဲ့ ဦးဆောင်မှုကို ခံယူဖို့ ခွင့်ပြုပါ၊ မင်းတို့ အမျိုးသားတစ်ဦးက ထောက်ပံ့တာကို လိုချင်တယ်၊ ဒါပေမဲ့ မင်းတို့အတွက် အိမ်သန့်ရှင်းရေးလုပ်တာက အဖေဘက်က သက်ရောက်မှုရှိတဲ့ ဖိနှိပ်မှုတဲ့ စိတ်ဝင်စားစရာပဲ" လို့ သူက ရေးသားခဲ့ပါတယ်။
ဟာနန်ဒက်ဇ်ရဲ့ မှတ်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြပြီး ဘောလုံးသမားကို မက္ကဆီကို ဘောလုံးအဖွဲ့ချုပ် က ဒဏ်ရိုက်ခဲ့ကာ နိုင်ငံတော်သမ္မတကလည်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ပြီးခဲ့သည့်နှစ်က မက္ကဆီကိုရဲ့ နှစ်ပေါင်း ၂၀၀ သမိုင်းတွင် ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ရွေးကောက်ခံရသော ကလော်ဒီယာ ရှိန်းဘောင်း က "ချီချာရီတိုက အရမ်းကောင်းတဲ့ ဘောလုံးသမားတစ်ဦးပါ။ ဒါပေမဲ့ သူ့ရဲ့ အမျိုးသမီးတွေအပေါ် အမြင်နဲ့ပတ်သက်ရင်တော့ သူက အများကြီး သင်ယူဖို့ လိုသေးတယ်" လို့ ပြောကြားခဲ့ပါတယ်။
သူမက ဟာနန်ဒက်ဇ်ရဲ့ မှတ်ချက်များကို "လိင်ခွဲခြားတဲ့ မှတ်ချက်များ" လို့ ပြောကြားခဲ့ပြီး "ကျွန်မက မိခင်တစ်ဦး၊ အဘွားတစ်ဦး၊ အိမ်ရှင်မတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မက လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အမြင့်ဆုံး စစ်သေနာပတိချုပ်လည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေက ကျွန်မတို့ ဖြစ်ချင်တာကို ဖြစ်နိုင်ပါတယ်" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
မက္ကဆီကိုရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးဖြစ်ပြီး ဝက်စ်ဟမ်းအတွက်လည်း ကစားခဲ့ကာ ရီးရဲလ်မက်ဒရစ် တွင်လည်း အငှားကစားခဲ့ဖူးတဲ့ ဟာနန်ဒက်ဇ်က ယခုအခါ တောင်းပန်ခဲ့ပါတယ်။
"ကျွန်တော့်ကို ထောက်ခံအားပေးခဲ့တဲ့ လူတိုင်းကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်ကို လေးစားစွာနဲ့ သူတို့ရဲ့ အမြင်တွေကို မျှဝေပေးပြီး ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ တွန်းအားပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်"
"ကျွန်တော့်ရဲ့ မကြာသေးမီက မှတ်ချက်တွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရှုပ်ထွေးမှု သို့မဟုတ် မသက်မသာဖြစ်မှုအတွက် နောင်တရမိပါတယ်။ လျှော့ချဖို့၊ နာကျင်စေဖို့၊ ဒါမှမဟုတ် ကွဲပြားစေဖို့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက် မဟုတ်ခဲ့ပါဘူး"
"ဖခင်တစ်ဦး၊ အမျိုးသားတစ်ဦး၊ ဒီလူ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ကျွန်တော့်ရဲ့ ဦးစားပေးက လေးစားမှု၊ နှိမ့်ချမှုနဲ့ တာဝန်ယူမှုရှိရှိ လုပ်ဆောင်ဖို့ပါပဲ"
"ကျွန်တော် နားထောင်နေပါတယ် ပြန်လည်စဉ်းစားနေပါတယ်၊ အထူးသဖြင့် ဒီလိုမျိုး အရေးကြီးတဲ့ အကြောင်းအရာတွေမှာ ပိုမိုရှင်းလင်းတိကျမှုနဲ့ သတိထားပြီး ပြောဆိုဖို့ ကတိပြုပါတယ်" လို့ သူက ပြောကြားခဲ့ပါတယ်။
မက္ကဆီကို ဘောလုံးအဖွဲ့ချုပ်ဟာ "လိင်ခွဲခြားမှုဆိုင်ရာ စံနှုန်းများ" ကို မြှင့်တင်ခဲ့တယ်လို့သတ်မှတ်ကာ စုံစမ်းစစ်ဆေးမှုများအပြီးတွင် ဟာနန်ဒက်ဇ်ကို ဒဏ်ရိုက်ခဲ့ပါတယ်။
သူ၏ လက်ရှိကလပ်ဖြစ်တဲ့ ချီဗက်စ်ကလည်း ထုတ်ပြန်ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး "ဆိုရှယ်မီဒီယာတွင် မကြာသေးမီက တင်ခဲ့သော မှတ်ချက်များက ကျွန်တော်တို့ရဲ့ အဖွဲ့အစည်း မူများနှင့် ဆန့်ကျင်ဘက်ဖြစ်တဲ့ တစ်ဦးချင်းစီရဲ့ ရပ်တည်ချက်ကို ကိုယ်စားပြုပါတယ်"
"ကလပ်က အတွင်းစည်းမျဉ်းများနှင့်အညီ သင့်လျော်သော အရေးယူမှုများကို ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်" လို့ ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။
ကွာရှင်းထားပြီး ကလေးနှစ်ဦးဖခင် ဟာနန်ဒက်ဇ်က "ပြောင်းလဲမှုဟာ ကိုယ့်ကိုယ်ကိုယ်နဲ့ စတင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု ထပ်မံပြောကြားခဲ့သည်။
"ဒီအခွင့်အရေးကို နားလည်ဖို့၊ ကြီးထွားဖို့နဲ့ ကျွန်တော့်ရဲ့ ပိုမိုကောင်းမွန်တဲ့ ပုံစံတစ်ရပ်ဖြစ်လာဖို့ ဆက်လက်လုပ်ဆောင်သွားပါမယ်၊ ရိုးသားမှု၊ ကျွန်တော့်မိသားစုအပေါ် ချစ်ခြင်းမေတ္တာ၊ ကျွန်တော့်ရဲ့ တန်ဖိုးတွေနဲ့ ခင်ဗျားတို့အားလုံးအပေါ် ချစ်ခြင်းမေတ္တာတို့နဲ့ပါ"
"နားလည်ပေးမှု၊ အားစိုက်ထုတ်မှု၊ ချစ်ခြင်းမေတ္တာနဲ့ ဒီခရီးမှာ အဖော်ပြုပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ ဟာနန်ဒက်ဇ်က နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။