The network connection is lost.

Banner Image

တံကောက်ကြောဒဏ်ရာကြောင့် လီဗာပူးရဲ့ပွဲစဉ် ၇ပွဲအထိ လွဲချော်နိုင်တဲ့ ဖရင်းပေါင်

လီဗာပူးညာနောက်ခံလူ ဂျရီမီဖရင်းပေါင်ဟာ ဖရန့်ဖတ် ကို အနိုင်ရခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာကြောင့် ဒီဇင်ဘာလအထိ အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။ ဒတ်ချ်နောက်ခံလူ ဖရင်ပေါင်ဟာ အဆိုပါပွဲစဉ် ၁၉ မိနစ်အကြာမှာပဲ ဒဏ်ရာရပြီး ထွက်ခွာသွားခဲ့ရတာဖြစ်ကာ အခုဆိုရင် ဘရန့်ဖိုဒ် နဲ့ ခရစ္စတယ်ပဲလေ့စ် တို့ကို ရှုံးနိမ့်ခဲ့တဲ့ပွဲတွေကို လွဲချော်ခဲ့ပါတယ်။ 

ဘရန့်ဖို့ဒ်နဲ့ပွဲမတိုင်ခင် နည်းပြ အန်းစလော့က ဖရင်းပေါင်က အခြေအနေမကောင်းဘူး လို့ ဝန်ခံခဲ့ပြီး၊ အသင်းအတွက် သူရဲ့ အရေးပါမှု မြင့်တက်လာနေချိန်မှာ ဒီလိုဒဏ်ရာရတာကို မိုက်မဲတဲ့ အမှားလို့ ခေါ်ဆိုခဲ့ပါတယ်။ ယခုအချိန်မှာတော့ Daily Mailရဲ့ ဖော်ပြချက်အရ အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ ခြောက်ပတ်အထိ အနားယူရဖွယ်ရှိပြီး အက်စတွန်ဗီလာ၊ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး၊ နော်တင်ဟမ်ဖောရက်စ်၊ ပီအက်စ်ဗွီ ၊ ဝက်စ်ဟမ်း နဲ့ ဆန်းဒါးလန်း တို့လို အရေးကြီးတဲ့ပွဲစဉ် ၇ ပွဲအထိ လွဲချော်နိုင်တယ်လို့ သိရပါတယ်။

ဒီရာသီမှာ ဖရင်းပေါင် ပေါင်ခြံဒဏ်ရာရတာက ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ နယ်သာလန်သားဟာ ဘုန်းမောက် ပရီးမီးယားလိဂ် ပွဲထွက်တုန်းကလည်း ဒဏ်ရာရခဲ့တာကြောင့် ရာသီအစပိုင်းမှာ ပွဲစဉ် နှစ်ပွဲ လွဲချော်ခဲ့ဖူးပါတယ်။ လီဗာပူးလ် အသင်းကတော့ ဖရင်းပေါင်ကို ဒီဇင်ဘာလ အစောပိုင်းလောက်မှာ ပြန်လည်အသုံးပြုနိုင်ဖို့ မျှော်လင့်နေပါတယ်။ အဆိုပါအချိန်ဟာ လီဗာပူးအသင်း ဆောင်းရာသီပွဲကြပ်ကာလကို ဖြတ်သန်းရမယ့်အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။