
မိုင်ယာမီမှာ အကောင်းဆုံးပရိသတ်အားပေးမှုရဖို့မျှော်လင့်နေတဲ့ ဟယ်ရီကိန်း
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ကိန်းက မိုင်ယာမီမြေမှာ အကောင်းဆုံးပရိသတ်အားပေးမှုရဖို့ မျှော်လင့်နေပြီး ရင်ဆိုင်ဖို့ မစောင့်နိုင်အောင်ဖြစ်နေတဲ့အသင်းနာမည်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ နှစ်ပေါင်းများစွာ ဆုဖလားတွေနဲ့လွဲချော်ခဲ့ပြီးနောက် ကိန်းတစ်ယောက် ၂၀၂၅ မှာ ဘိုင်ယန်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါချန်ပီယံဆုနဲ့ရယူနိုင်ခဲ့ပါတယ်။
အခုချိန်မှာတော့ အင်္ဂလန်အသင်းခေါင်းဆောင်က ဆုဖလားတွေထပ်မံရယူချင်နေပြီး ကလပ်ကမ္ဘာ့ဖလားကိုလည်း ရယူချင်နေပါတယ်။ ဘိုင်ယန်ဟာ ကလပ်ကမ္ဘာ့ဖလားဆင်နွှဲဖို့ အမေရိကန်မြေကိုထွက်ခွာလာခဲ့ပြီဖြစ်ကာ အက်ခ်လန်းစီးတီးအသင်းနဲ့ စတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲ့နောက် ဘိုကာဂျူနီယာ ၊ ဘင်ဖီကာအသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကိန်းက ဘိုကာဂျူနီယာအသင်းနဲ့ပွဲအတွက် စိတ်လှုပ်ရှားနေပြီး တောင်အမေရိကကလပ်အသင်းရဲ့ကြီးမားတဲ့အားပေးမှုကို မျှော်လင့်နေပါတယ်။
သတင်းထောက်တွေကိုပြောကြားရာမှာ ကိန်းက “ဘိုကာနဲ့ပွဲက ကြီးမားတဲ့ပွဲတစ်ပွဲဖြစ်လာဖို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ မိုင်ယာမီမှာ ကျွန်တော်အားပေးတဲ့ပွဲတစ်ပွဲဖြစ်ဖို့ မျှော်လင့်နေတာပါ။ သူတို့ပရိသတ်တွေ အဲ့မှာအများကြီးရှိနေပါတယ်။ အားလုံးခြုံကြည့်ရင် ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲအချို့ရှိနိုင်ပါတယ်။ အက်ခ်လန်းက ကျွန်တော်တို့မသိတဲ့ပြိုင်ဘက်ပါ။ မှန်ပါတယ်။ စာရွက်ပေါ်မှာ ကျွန်တော်တို့က ရေပန်းစားပါတယ်။
ဒါပေမယ့် ဒီပြိုင်ပွဲမှာ အသင်းတိုင်းက သန်မာကြပါတယ်။ ကျွန်တော်တို့ သေချာလေးပြင်ဆင်ရမှာဖြစ်ပြီး ပွဲတိုင်းသေချာကန်ရပါမယ်။ ကစားသမားတစ်ဦးအနေနဲ့ မတူညီတဲ့နိုင်ငံကအသင်းတွေကန်ရမှာက ကြီးမားတဲ့အတွေ့အကြုံကောင်းတွေရစေမှာပါ။ ကျွန်တော်တို့က ရေပန်းစားတဲ့အသင်းတွေထဲတစ်သင်းပါ။ ဒီရာသီမှာ ကျွန်တော်တို့ ဘယ်လိုအသင်းမျိုးလဲဆိုတာပြသထားနိုင်ပါတယ်။ နေ့ကောင်းတစ်နေ့မှာ ကျွန်တော်တို့ ကမ္ဘာပေါ်က ဘယ်အသင်းကိုမဆို အနိုင်ကန်နိုင်ပါတယ်။။
ကျွန်တော်တို့ ဒီပြိုင်ပွဲအတွက် ပြင်ဆင်ထားပါတယ်။ အမေရိကရောက်ချိန်မှာ ကျွန်တော်တို့ အပြည့်အဝအာရုံစိုက်မှာပါ။ကျွန်တော်တို့ အခြားပြိုင်ပွဲတွေနည်းတူ ကလပ်ကမ္ဘာ့ဖလားကိုလည်း သေချာလေးချဉ်းကပ်သွားမှာပါ။ ဒီလိုစိတ်ဓာတ်မျိုးရှိနေဖို့က အရေးကြီးပါတယ်”လို့ ကိန်းက ဖြေကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းနဲ့အတူ ရလဒ်တွေဆိုးဝါးခဲ့ပြီးနောက် ကိန်းတစ်ယောက် ဘိုင်ယန်မှာ ရလဒ်ကောင်းတွေပြန်လည်ရယူချင်နေပြီး တူချယ်ရဲ့အသင်းဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားတွက် သေချာလေးပြင်ဆင်ရမှာဖြစ်ပါတယ်။ ကိန်းအနေနဲ့လည်း နိုင်ငံအသင်းရဲ့ရွှေရောင်မျိုးဆက်ကို ဦးဆောင်ပြီး ကာလရှည်စောင့်ဆိုင်းနေရတဲ့ဒုတိယအကြိမ်မြောက်နိုင်ငံအသင်းဆုဖလားကို ရယူချင်နေပါတယ်။