The network connection is lost.

Banner Image

အာတီတာလက်အောက်မှာ နေရာအတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အခိုင်အမာပြောကြားလာတဲ့ လူးဝစ်စကယ်လီ

အာဆင်နယ်အသင်းရဲ့ဆယ်ကျော်သက်လူငယ်နောက်ခံကစားသမားလေး လူးဝစ်စကယ်လီက သူ့အနေနဲ့ အသင်းမှာပုံမှန်ပွဲထွက်ခွင့်မရတဲ့အပေါ် စိတ်ပျက်ခြင်းမရှိကြောင်းနဲ့ နေရာအတွက် နောက်မဆုတ်ဘဲ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကစတင်ပြီး နည်းပြမီခေးလ်အာတီတာရဲ့နေရပေးမှုနဲ့အတူ အာဆင်နယ်စီနီယာအသင်းမှာ စတင်ပါဝင်ကစားခွင့်ရခဲ့ပြီး ယခုအခါမှာတော့ အသင်းအတွက်အရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ပြီဖြစ်ပါတယ်။ 

ဒါ့အပြင် လူးဝစ်စကယ်လီဟာ သောမတ်စ်တူချယ်လ်ဦးဆောင်တဲ့အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခြင်းခံထားရသလို၊ ပြီးခဲ့တဲ့မတ်လကလည်း အင်္ဂလန်အတွက်ဂိုးစတင်သွင်းယူပေးနိုင်ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းမှာရွေးချယ်ခံထားရပေမယ့် စကယ်လီဟာ အာဆင်နယ်မှာတော့ အသင်းဖော် ရီကာဒိုကာလာဖီအိုရီနောက် ဒုတိယဦးစားပေးကစားသမားအဖြစ်နဲ့သာ နေရာအတွက်တိုက်ပွဲဝင်နေရဆဲဖြစ်ပါတယ်။ 

အာဆင်နယ်မှာနေရာရဖို့အတွက် ရုန်းကန်နေရပေမယ့် စကယ်လီက သူ့အနေနဲ့ ဘယ်တော့မှနောက်ဆုတ်မှာမဟုတ်ကြောင်းနဲ့ နေရာရဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ အင်္ဂလန်သားက "ကျွန်တော်နေရာအတွက်တိုက်ပွဲဝင်ရတာကို ကြိုက်ပါတယ်။ ဒါက ကျွန်တော့်အတွက်မတူညီတဲ့အတွေ့အကြုံတစ်ခုပါ။ အသင်းအတွက်အများကြီးမကစားပေးနိုင်ပေမယ့် အသင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေရလို့ ကျေနပ်ပါတယ်"

"နေရာအတွက်ယှဉ်ပြိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ ကျွန်တော်ကလည်း ပြိုင်ဆိုင်တတ်တဲ့လူတစ်ယောက်ဖြစ်လို့ ဘယ်တော့မှနောက်ဆုတ်သွားမှာမဟုတ်ပါဘူး။ ဒီစိန်ခေါ်မှု ကိုသဘောကျပါတယ်။ အသင်းဖော်တွေနဲ့အတူတူရှိနေရတာကိုက ပျော်စရာပါ"  "အသင်းရဲ့စံနှုန်းတွေက အရမ်းမြင့်ပြီးတော့ လူတိုင်းကလည်း အသင်းအတွက်ကစားပေးချင်နေပါတယ်။ အဆုံးမှာ‌တော့ ကျွန်တော်ဘယ်လောက်အထိလုပ်နိုင်စွမ်းရှိသလဲဆိုတာ ပြချင်ပါတယ်။ ဘောလုံးကစားရသည်ဖြစ်စေ၊ မကစားရသည်ဖြစ်စေ ဘောလုံးအပေါ်ထားတဲ့ကျွန်တော့်ရဲ့ချစ်တဲ့စိတ်က ဘယ်တော့မှမပျက်စီးပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

လူးဝစ်စကယ်လီဟာ အာဆင်နယ်ရဲ့ဘယ်နောက်ခံနေရာအတွက် ပုံမှန်ပွဲထွက်ခွင့်ကို ဇင်ချန်ကိုနဲ့ တီယာနေးတို့လိုကစားသမားတွေဆီကနေ လုယူနိုင်ခဲ့ပေမယ့် အသင်းဖော် ကာလာဖီအိုရီစတင်ရောက်ရှိလာချိန်မှာတော့ ဒုတိယဦးစားပေးကစားသမားအဖြစ်သာ သတ်မှတ်ခံထားရတာဖြစ်ပါတယ်။