The network connection is lost.

Banner Image

လုံလောက်တဲ့ကောင်းမွန်မှုမျိုးမရှိဘူးလို့ပြောဆိုကာ မန်စီးတီးအသင်းဖော်တွေကို ဝေဖန်လိုက်တဲ့ ဟာလန်း

နိုင်ငံတကာသီတင်းပတ်မတိုင်ခင် ပရီးမီးယားလိဂ်နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအတွက် စိန်ခေါ်မှုတွေ စတင်လာပြီးနောက် ဟာလန်းက သူ့ရဲ့စိတ်ပျက်နေမှုတွေကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နော်ဝေလက်ရွေးစင်ကစားသမားက ပက်ဂွါဒီယိုလာအသင်းအတွက် လုံလောက်မှုမရှိတဲ့ ရာသီသစ်စတင်မှုအပြီး မန်ချက်စတာဒါဘီကို ပြီးပြည့်စုံတဲ့အလှည့်အပြောင်းတစ်ခု စီမံပေးနိုင်တဲ့ အခွင့်အလမ်းလို့ တင်စားခဲ့ပါတယ်။

The Guardian ရဲ့အဆိုအရ ဟာလန်းက တနင်္ဂနွေနေ့ဒါဘီပွဲစဉ်မတိုင်ခင် Viaplay နဲ့ အင်တာဗျူးအစီအစဉ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအင်တာဗျူးမှာ အသက်-၂၅ နှစ်အရွယ်ကစားသမားက မန်စီးတီးရဲ့ခက်ခက်ခဲခဲရာသီသစ်စတင်မှုအတွင်း သူ့ရဲ့စိတ်ပျက်နေမှုကို ဖော်ပြခဲ့ပြီး အရာရာတိုင်းကို အကောင်အထည်ဖော်နိုင်ရန်အတွက် အကောင်းဆုံးပုံစံဖြင့် တိုးတက်လာဖို့၊ သူတို့ရဲ့ဘောလုံးရာသီကို တဖန်ပြန်လည်စတင်နိုင်ဖို့ လိုအပ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။ မန်စီးတီးက ရာသီအဖွင့်ပွဲစဉ်မှာ ဝုဗ်ကို အနိုင်ယူပြီးနောက် တော့တင်ဟမ်၊ ဘရိုက်တန်တို့ကို ဆက်တိုက်ဆိုသလိုရှုံးနိမ့်ကာ အမှတ်ပေးဇယားအဆင့်-၁၃ နေရာဆီ ရောက်ရှိသွားပါတယ်။

ဟာလန်းက “ ကျွန်တော်တို့တွေ နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့ပါတယ်။ ဒါက လုံလောက်တဲ့ကောင်းမွန်မှုမျိုးမဟုတ်ဘဲ အလွန်ဆိုးဝါးတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီအတွက် အဖြေရှာသွားဖို့နဲ့ နိုင်ပွဲလမ်းကြောင်းဆီ ပြန်ရောက်ရှိလာဖို့ လိုအပ်ပါတယ်။ ပြိုင်ဘက်ကောင်းတွေ အများကြီးရှိလို့ ပွဲတွေအများကြီးရှုံးနေလို့ မရပါဘူး။ ယူနိုက်တက်နဲ့ပွဲစဉ်က အရာရာတိုင်းကို အလှည့်အပြောင်းဖြစ်စေဖို့ ပြီးပြည့်စုံလွန်းပါတယ်။ အခုအချိန်အထိ လုံလောက်တဲ့ကောင်းမွန်မှုမျိုးမရှိခဲ့တာကြောင့် အားလုံးအနေနဲ့ အကောင်းဆုံးဖြစ်နေဖို့ လိုအပ်ပါတယ်။

ရှုံးနိမ့်ခြင်းဆိုတာ မကောင်းလှပါဘူး။ ဒါကို အပြုသဘောဆောင်တဲ့အရာတစ်ခုအတွက် သုံးစွဲရမယ်ဆိုတာ စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။ နောက်ပွဲတွေမှာ ပိုကောင်းလုပ်ဖို့ လှုံ့ဆော်မှုတစ်ခုအဖြစ်နဲ့ပဲ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ အမြင့်ဆုံးအဆင့်အထိပြန်ရောက်ဖို့ ကွင်းတွင်းမှာ ကျွန်တော်တို့ရဲ့ဒေါသမာန်တွေကို အသုံးချသွားဖို့ မဖြစ်မနေလိုအပ်ပါတယ်”လို့ ပြောပါတယ်။ မန်စီးတီးက လာမယ့်တနင်္ဂနွေနေ့မှာ မြို့ခံပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကို ဧည့်ခံကစားရမှာဖြစ်ပြီး ဒါက နှစ်သင်းလုံးအတွက် ရင်သပ်ရှုမောစရာထိပ်တိုက်တွေ့ဆုံမှု ဖြစ်လာပါလိမ့်မယ်။