The network connection is lost.

Banner Image

ပြင်သစ်မြေမှာ ဘာကြောင့်ဆက်နေဖို့ဆုံးဖြတ်ခဲ့လဲဆိုတာကို ရှင်းပြလာတဲ့ လိုင်ယွန်စတား

လိုင်ယွန်စတား မာလစ်ဖိုဖာနာက နွေရာသီတစ်လျှောက် ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ဖို့ ချိတ်ဆက်ခံရပေမယ့် ပွဲကစားခွင့်ကြောင့် လီဂူးဝမ်းမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဂျန့်တ်အသင်းထံကနေ ပြောင်းရွှေ့လာပြီးနောက် ဖိုဖာနာဟာ လိုင်ယွန်အသင်းရဲ့အဓိကကစားသမားဖြစ်လာခဲ့ပါတယ်။

အခုနွေရာသီမှာ သူ့ကိုထိပ်တန်းအသင်းတော်တော်များများက ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသားက အပြောင်းအရွှေ့အတွက် စိတ်ဝင်စားပေမယ့် ပြင်သစ်မြေမှာဆက်နေဖို့သာ ရွေးချယ်ခဲ့ပါတယ်။ ပြင်သစ်ကလပ်အသင်းနဲ့အတူ ပွဲဦးထွက်ရာသီမှာတင် ဖိုဖာနာဟာ ပြိုင်ပွဲစုံ ၁၁ ဂိုးသွင်း ၊ ၆ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အခုရာသီသစ်မှာလည်း ဂျန့်တ်စတားဟောင်းက စွမ်းဆောင်ရည်ကောင်းပြသထားနိုင်ခဲ့ပြီး ပထမဆုံး ၃ ပွဲမှာ ၁ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ နည်းပြဖွန်ဆီကာလက်အောက်မှာ နေရာရနေတာဖြစ်ပါတယ်။ “အသင်း ၂ သင်းက ကျွန်တော့်ကိုစိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမယ့် တကယ့်တကယ်တော့ အာရုံမစိုက်ကြပါဘူး။ ကျွန်တော် အသင်းပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တစ်ချက်ပွဲထွက်ကစားခွင့်ကို စဉ်းစားခဲ့ပါတယ်။ အဲ့တာကြောင့် လိုင်ယွန်မှာဆက်နေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ တိုးတက်မှုလုပ်ဆောင်ကျန်နေသေးတာကြောင့်ပါ”လို့ ဖိုဖာနာက ဖြေကြားခဲ့ပါတယ်။

ဖိုဖာနာဟာ လက်ချင်စတိန်းနဲ့ပွဲမှာ ပထမဆုံးဘယ်လ်ဂျီယံအသင်းအတွက် သွင်းဂိုးရယူနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ လိုင်ယွန်အသင်းနဲ့ ရန်းနက်စ်နဲ့ပွဲမှာ ပါဝင်ကစားမှာဖြစ်ပါတယ်။