The network connection is lost.

Banner Image

လီဗာပူးအသင်းအတွက် အံ့အားသင့်ဖွယ်နွေရာသီဈေးကွက်တစ်ခု ရရှိခဲ့ပြီးပြီလို့ ဆိုလိုက်တဲ့ မက်အယ်လစ္စတာ

လီဗာပူးအသင်းကွင်းလယ်ကစားသမားမက်အယ်လစ္စတာက သူတို့အသင်းအတွက် အံ့အားသင့်ဖွယ်နွေရာသီဈေးကွက်တစ်ခု ရှိထားခဲ့ပြီးပြီလို့ အတိအလင်းပြောကြားခဲ့ပါတယ်။ အခုနွေရာသီဈေးကွက်အတွင်း ပရီမီးယားလိဂ်ချန်ပီယံတွေဆီ ဖလော်ရီယန်ဝစ်ဇ်၊ မာမာဒါရှီဗီလီ၊ ဖရင်းပေါင်၊ ကာကက်ဇ်နဲ့ ဟူဂိုအီကီတီကီတို့ ရောက်ရှိလာပါတယ်။ကြိုးကြာနီကွင်းလယ်လူမက်အယ်လစ္စတာက “ တကယ့်ကို အံ့အားသင့်စရာပါပဲ။ 

ကျွန်တော်တို့အသင်းက တကယ့်ကိုကောင်းမွန်လှတဲ့ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ထင်ပါတယ်။ ကစားသမားသစ်တွေကိုယ်တိုင်လည်း လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာ သူတို့တွေ ဘယ်လောက်အထိစွမ်းဆောင်နိုင်သလဲဆိုတာ ပြသနေကြပါတယ်။ ဒီအတွက် ကျွန်တော်တို့အားလုံး အရမ်းပျော်ရွှင်နေပါတယ်။

အခုအချိန်မှာတော့ ကစားသမားသစ်တွေနဲ့ အတူယှဉ်တွဲကစားရင်း သူတို့တွေရဲ့စရိုက်လက္ခဏာကို သိလာနေပါပြီ။ ဒါက ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ဘောလုံးရာသီတစ်ခု ဖြစ်လာစေမယ်ဆိုတာ သေချာပါတယ်။ ကစားသမားသစ်တွေက ခွန်အားသစ်တွေ၊ စွမ်းအင်သစ်တွေ ယူဆောင်လာပေးပါတယ်။ အထူးသဖြင့် ဖရင်းပေါင်ပေါ့။ သူတို့အားလုံး အမြဲတမ်းပြုံးနေကြပါတယ်။ ဒီအသင်းနဲ့အတူရှိနေရလို့ သူတို့တွေ ဘယ်လောက်အထိပျော်ရွှင်နေသလဲဆိုတာ ခင်ဗျားတို့လည်း တွေ့နိုင်ပါတယ်။ အသင်းအတွက် ဆုဖလားတွေ ပိုမိုရရှိအောင် ကစားသမားသစ်တွေကိုယ်တိုင် ကူညီပေးသွားနိုင်ဖို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။