The network connection is lost.

Banner Image

ပီအက်စ်ဂျီစတားတစ်ဦးကိုခေါ်ယူဖို့ ရီးရဲလ်ကို ဂန္ထဝင်ဟောင်း မက်ခီလီလီတိုက်တွန်း

ရီးရဲလ် နဲ့ ပီအက်စ်ဂျီကွင်းလယ်လူဟောင်း မက်ခီလီလီက အသင်းဟောင်းအနေနဲ့ မာကွင်ဟို့စ်ကိုခေါ်ယူသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ပြင်သစ်ဂန္ထဝင်ဟောင်းက ဘရာဇီးသားရဲ့ခံစစ်စွမ်းဆောင်ရည် နဲ့ ဦးဆောင်နိုင်မှုကို သဘောကျနေပြီး မိုဒရစ်ခေတ်အလွန် သူ့လိုကစားသမားမျိုးလိုအပ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီအနေနဲ့ သူတို့စတားကို လက်လွှတ်ဖွယ်မရှိဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ပြင်သစ်ဂန္ထဝင်ဟောင်းဟာ ကွင်းလယ်ခံစစ်နေရာမှာ နာမည်ကြီးလာခဲ့တာဖြစ်ပြီး မက်ဒရစ် ၊ ချဲလ်ဆီး ၊ ပီအက်စ်ဂျီတို့လိုအသင်းတွေမှာ ကစားခဲ့တာဖြစ်ပါတယ်။ မက်ဒရစ်မှာတော့ ဇီဒန်း ၊ ဖီဂို ၊ ရော်နယ်ဒိုတို့နဲ့အတူ အတွဲညီခဲ့တာဖြစ်ပြီး လာလီဂါ ၂ ကြိမ် ၊ ချန်ပီယံလိဂ် ၁ ကြိမ် ၊ ယူအီးအက်ဖ်အေစူပါဖလား ၁ ကြိမ် နဲ့ အင်တာကွန်တီနယ်ဖလား ၁ ကြိမ်တို့ရယူနိုင်ခဲ့ပါတယ်။

အဲ့နောက် ၂၀၀၃ ခုနှစ်မှာ ထွက်ခွာခဲ့ပြီး ချဲလ်ဆီးအသင်းမှာ မော်ရင်ဟိုနဲ့အတူ လက်တွဲကာ ၂ ကြိမ်ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ခဲ့ပါတယ်။ အဲ့နောက်မှာ ပီအက်စ်ဂျီထံပြောင်းရွှေ့ခဲ့ပြီး ပထမဆုံးကစားသမားအဖြစ် ကစားခဲ့ကာ အဲ့နောက် အသင်းလက်ထောက်အဖြစ် တာဝန်ယူခဲ့ပါတယ်။ အခုချိန်မှာလည်း မက်ခီလီလီက မာကွင်ဟို့စ်ကို ရီးရဲလ်အသင်းမှာ မြင်တွေ့ချင်နေပါတယ်။ 

“ကျွန်တော် မာကွင်ဟို့စ်ကို ရီးရဲလ်အသင်းမှာ အမြဲမြင်ချင်နေတာပါ။ ကျွန်တော် ဒီကောင်လေးကို သဘောကျပါတယ်။ ပီအက်စ်ဂျီမှာတုန်းက သူနဲ့လက်တွဲခဲ့ဖူးပါတယ်။ သူ့အရည်အချင်း ၊ အလုပ်အပေါ်အာရုံစိုက်မှု ၊ စိတ်အားထက်သန်မှု ၊ စိတ်ရှည်မှုလည်း ရှိပါတယ်။ သူက အများကြီးတိုးတက်လာခဲ့တာပါ။ မှန်ပါတယ်။ လက်ရှိမှာ သူကကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်တဲ့ ပီအက်စ်ဂျီမှာကစားနေတာပါ။ ဒါပေမယ့် သူ့လိုကစားသမားမျိုးကို ရီးရဲလ်အသင်းမှာမြင်ချင်ပါတယ်။ သူကအရမ်းဉာဏ်ကောင်းသလို အခုချိန်မှာ ကျွန်တော် တစ်ဦးချင်းနေရာမှာကျွမ်းကျင်တဲ့နောက်ခံလူအများကြီးမမြင်မိပါဘူး။

သူက တစ်ဦးချင်းမှာလည်း အရမ်းကောင်းပါတယ်။ ကျွန်တော် ရီးရဲလ်မှာ သူ့ကိုမြင်ချင်တဲ့အိပ်မက်ရှိပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီဘက်ကတော့ လက်လွှတ်မယ်မထင်ပါဘူး”လို့ မက်ခီလီလီက ပြောကြားခဲ့ပါတယ်။

အသက် ၃၁ နှစ်သားဟာ ပီအက်စ်ဂျီအသင်းကိုဦးဆောင်နေပြီး အသင်းနဲ့အတူ ပွဲပေါင်း ၄၉၀ ကျော်ပါဝင်ကစားထားခဲ့ကာ လီဂူးဝမ်း ၁၀ ကြိမ် ၊ ပြည်တွင်းဖလား ၁၄ ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ ဒဏ်ရာကနေပြန်လာပြီးနောက် ဘရာဇီးသားဟာ ဘရက်စ်ကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် ပြန်လည်ကစားပေးခဲ့ကာ ပွဲ ၅၀၀ ပြည့်ဖို့ ၄ ပွဲသာ လိုအပ်တော့တာဖြစ်ပါတယ်။ ဆော်ဒီမြေကိုပြောင်းနိုင်တယ်လို့ သတင်းထွက်နေပေမယ့် ကမ္ဘာ့ဖလားကြောင့် ပီအက်စ်ဂျီမှာပဲ ဆက်နေဖို့များနေပါတယ်။

ရီးရဲလ်အသင်းဟာ ခံစစ်ပိုင်းအတွက် ကြိုတင်ပြင်ဆင်နေပြီး ပဲလေ့စ်စတား ဂူဟီအပြင် လီဗာပူးနောက်ခံလူ ကိုနာတေးကိုလည်း စောင့်ကြည့်နေပါတယ်။ မာကွင်ဟို့စ်ထက်စာရင် ဘဏ္ဍာရေးအဆင်ပြေတာကြောင့် လူငယ်ကစားသမားတွေကိုသာ ဦးစားပေးခေါ်ယူဖွယ်ရှိနေပါတယ်။