The network connection is lost.

Banner Image

နောက်ထပ် ခွဲစိတ်မှုတစ်ခုကို အောင်မြင်စွာ ပြုလုပ်လိုက်ပြီဖြစ်တဲ့ တာစတေဂန်

ဘာစီလိုနာအသင်း၏ တရားဝင် ထုတ်ပြန်ချက်အရ ပထမအသင်း ကစားသမား မာ့ခ်အန်ဒရေ တာစတေဂန်က ခါးအောက်ပိုင်း ပြဿနာများအတွက် နောက်ထပ် ခွဲစိတ်မှု ကို အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရပါတယ်။

ဒေါက်တာ အမ်မဲလီ လီဂလစ် က Sports Clinic Bordeaux Merignac တွင် ကလပ်ရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့၏ ကြီးကြပ်မှုအောက်တွင် ခွဲစိတ်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် တာစတေဂန်က ပွဲကစားရန် အနားယူရမှာဖြစ်ပြီး ပြန်လည်သက်သာလာမှုအပေါ် မူတည်၍ ကွင်းအတွင်းသို့ ပြန်လာနိုင်မယ့် အချိန်ကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။