
ရေကြီးမယ့်အခြေအနေကြောင့် မာဆေးလ် နဲ့ ပီအက်စ်ဂျီပွဲကို ဖျက်သိမ်း
မုန်တိုင်းအခြေအနေနဲ့ မိုးသည်းထန်မှုအပြင် ရေကြီးမယ့်အခြေအနေကြောင့် မာဆေးလ် နဲ့ ပီအက်စ်ဂျီပွဲကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ မုန်တိုင်းက အဝါရောင်အဆင့်သတိပေးချက်ထုတ်ပြန်ထားခဲ့သလို မာဆေးလ်အသင်းကွင်းနေရာပတ်ဝန်းကျင်မှာ ရေကြီးမှုတွေရှိခဲ့ပြီးလို့ လူမှုမီဒီယာတွေမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
“အချို့နေရာတွေမှာ မိုးရေချိန်လက်မက ၇၀ ကနေ ၉၀ မီလီမီတာအထိ ရောက်နိုင်ပါတယ်။ လာမယ့်နာရီအနည်းငယ်မှာ ၁၂၀ မီလီမီတာအထိ ရောက်နိုင်ပါတယ်။ မိုးလေဝသခန့်မှန်းချက်တွေအရ လာမယ့်မာဆေးလ်စံချိန်တော်ချိန် ည ၇ နာရီကနေ ၁၀ နာရီကြားမှာ မိုးပိုလာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါအခြေအနေကြောင့် ပီအက်စ်ဂျီနဲ့ကန်မယ့်ပွဲကို ဖျက်သိမ်းထားပါတယ်”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။