The network connection is lost.

Banner Image

မေဂျာလိဂ်ဖလားအတွက် အင်တာမိုင်ယာမီမှာအတွေ့အကြုံရှိတယ်လို့ အာဂျင်တိုင်းသားဆို

အင်တာမိုင်ယာမီစတား မက်ဆီက မိမိတို့အသင်းအနေနဲ့ မေဂျာလိဂ်ဖလားအတွက် တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားရမယ်လို့ ပြောကြားခဲ့သလို နက်ရှ်ဗီလီအသင်းနဲ့ပထမအကျော့ပွဲ အတွေ့အကြုံကို အသုံးချရမယ်လို့ တိုက်တွန်းလိုက်ပါတယ်။

အင်တာမိုင်ယာမီဟာ ပထမအကျော့တုန်းက နက်ရှ်ဗီလီကို ၃-၁ နဲ့အနိုင်ရရှိထားခဲ့ပြီး ဒုတိယအကျော့ပွဲအတွက် အားသာချက်ရှိနေပါတယ်။ မနှစ်ကတုန်းက ပထမအဆင့်မှာတင် အတ္တလန္တာယူနိုက်တက်ကို ၃ ကျော့မှာ ၂ ကျော့အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ မက်ဆီက အခုချိန်မှာ အဆိုပါဖြစ်ရပ်မျိုးမဖြစ်အောင် ရှောင်ရှားနိုင်ချင်နေပြီး ပထမအကျော့ရလဒ်ကို အကောင်းဆုံးအသုံးချကာ ဆီမီးဖိုင်နယ်ကို တက်ရောက်ချင်နေပါတယ်။

“ခြေစစ်ပွဲက လုံးဝခြားနားတဲ့ပြိုင်ပွဲလို့ ကျွန်တော်ထင်ပါတယ်။ အသင်းတွေက အသေးစိတ်ကအစ သေချာလေးဂရုစိုက်ရပါမယ်။ ဘယ်လိုအခြေအနေမှာမဆို ခင်ဗျားကိုပြိုင်ပွဲကနေထွက်ခွာစေနိုင်ပါတယ်။cဒါပေမယ့် ကျွန်တော်တို့တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားရမှာဖြစ်ပြီး အနိုင်ကန်ရပါမယ်။ ယေဘုယျအားဖြင့် ကျွန်တော်တို့ မေဂျာလိဂ်ဖလားရနိုင်ပါတယ်။ အဲ့တာက မလွယ်ကူနိုင်ပါဘူး။ ကျွန်တော်တို့ မနှစ်ကတုန်းက အတွေ့အကြုံရှိထားပါတယ်။

အဲ့တာကိုသေချာ သင်ခန်းစာယူရပါမယ်။ ကျွန်တော်တို့က ပုံမှန်အခြေအနေမဟုတ်သလို ဂိုးတွေအများကြီးပေးထားရပါတယ်။ တစ်စုံတစ်ခုပြတ်လပ်နေပါတယ်။ တကယ်လို့ ဆုဖလားရယူချင်တယ်ဆိုရင် အဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင်လုပ်ရပါမယ်”လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။

နက်ရှ်ဗီလီအသင်းကတော့  ပြီးခဲ့တဲ့ရလဒ်တွေဆိုးဝါးနေတာကို ပြန်လည်တုံ့ပြန်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ "“သူတို့မေဂျာလိဂ် ၁၁ ပွဲမှာ ၈ ပွဲအထိ အရေးနိမ့်ထားခဲ့ပါတယ်။ အခုဒုတိယအကျော့က သူတို့အိမ်ကွင်းမှာကစားရမှာပါ။ ခြေစစ်ပွဲတွေက ပြင်းထန်ပါတယ်။
လူတိုင်းက နိုင်ပွဲအတွက်တိုက်ခိုက်နေတာဖြစ်ပြီး ကျွန်တော်တို့ ဒီလိုပွဲတွေကို သေချာလေးပြင်ဆင်ထားရပါမယ်။ ဒီလိုအသင်းတွေက သူတို့အိမ်ကွင်းမှာဆိုရင် မထင်မှတ်တာတွေလုပ်ပြနိုင်ပါတယ်”လို့ မက်ဆီက ထပ်လောင်းပြောကြားခဲ့ပါတယ်။