The network connection is lost.

Banner Image

စိန့်ဂျိမ်းပတ်ခ်နိုင်ပွဲမှာ အာဆင်နယ်အတွက် အစွမ်းထက်လက်နက်ကောင်းတစ်ခု ရှိခဲ့တယ်လို့ ဖွင့်ဟလာတဲ့ အာတီတာ

နယူးကာဆယ်ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီး အာတီတာက အာဆင်နယ်ကစားသမားတစ်ဦးကို အထူးချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ နယူးကာဆယ်ကို နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း ဂန်းနားတွေအတွက် အနိုင်ဂိုးကို ပွဲချိန် ၉၅ မိနစ်မှာ မာဂယ်လ်ဟေးစ်က သွင်းယူပေးခဲ့ပါတယ်။

အလားတူ မီရီနိုကလည်း အာတီတာရဲ့အသင်းအတွက် အရေးပါတဲ့ချေပဂိုးကို ပွဲချိန်နှောင်းပိုင်းမှာ သွင်းယူခဲ့ပါတယ်။ ပွဲစဉ်အပြီး၊ အာတီတာက ဂန်းနားတွေအတွက် အမှန်တကယ်နိုင်ပွဲရရှိစေမယ့် မာဂယ်လ်ဟေးစ်မဟုတ်သော ကစားသမားတစ်ဦးရဲ့အကျိုးသက်ရောက်မှုအကြောင်းကို မီးမောင်းထိုးရှင်းပြခဲ့ပါတယ်။

အာတီတာက နယူးကာဆယ်နဲ့ရင်ဆိုင်ရချိန် အရန်ခုံတန်းမှထလာပြီး အသင်းအတွက် အကျိုးသက်ရောက်မှုတစ်ခုရှိစေခဲ့တဲ့ မီရီနိုကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ စပိန်သားနည်းပြက အသက်-၂၉ နှစ်အရွယ်ကစားသမားရဲ့ ကွင်းလယ်ပါဝင်ပတ်သက်မှုမှတဆင့် ဂိုးသွင်းယူနိုင်စွမ်းကို ဂန်းနားတွေအတွက် နိုင်ပွဲရရှိစေမယ့် အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်တယ်လို့ ရှင်းပြသွားပါတယ်။

BBC Match of The Day အစီအစဉ်နဲ့တွေ့ဆုံချိန် အာတီတာက “ လူစားဝင်လာတဲ့ကစားသမားတွေ၊ အကျိုးသက်ရောက်မှုရှိတဲ့ ကစားသမားတွေက ခြားနားမှုတစ်ခုကို ဖန်တီးပေးပါတယ်။ အိုဒီဂတ်နဲ့ မာတင်နယ်လီမှာလည်း ဒီလိုအရှိန်အဟုန်မျိုး ရှိခဲ့ပါတယ်။ မီရီနိုကတော့ ကွင်းလယ်မှတဆင့် ရောက်ရှိလာတဲ့ ဂိုးသွင်းစက်တစ်လုံးပါပဲ။ သူက နိုင်ပွဲတွေ ရယူပေးနိုင်ပါတယ်”လို့ ပြောပါတယ်။အခုအချိန်မှာတော့ မီရီနိုက နှစ်ဆန်းပိုင်းမှစတင်ကာ ခုနစ်ဂိုးအထိသွင်းယူပြီး ၂၀၂၅ ခုနှစ်အတွင်း အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။