The network connection is lost.

Banner Image

ဘွန်ဒက်စ်လီဂါချန်ပီယံဆုအတွက် စောင့်ဆိုင်းနေရတာကို ထူးဆန်းတဲ့ခံစားချက်မျိုးဖြစ်နေတယ်လို့ မူလာ ပြောကြား

လိုက်ပ်ဇစ်ကိုသရေကျခဲ့ပြီးနောက် ဘိုင်ယန်စတား မူလာက ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို စောင့်ဆိုင်းနေရတာက ထူးဆန်းတဲ့ခံစားချက်မျိုးရနေတယ်လို့ ပြောကြားလိုက်ပါတယ်။ ဘိုင်ယန်ဟာ စနေနေ့တုန်းက လိုက်ပ်ဇစ်ကိုနောက်ကနေလိုက်ကစားပြီး ၃-၂ နဲ့အနိုင်ရနေခဲ့ကာ ချန်ပီယံဆုရယယူနိုင်ဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါလ်ဆင်ရဲ့နောက်ကျချေပဂိုးကြောင့် လိုက်ပ်ဇစ်က ၃-၃ သရေကန်နိုင်ခဲ့ပါတယ်။ ပွဲပယ်ပြစ်ဒဏ်ကြောင့် ကိန်းတစ်ယောက် ပွဲကြည့်စင်ကနေ လာအားပေးခဲ့ပေမယ့် အသင်းက ဆုဖလားနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ကစားသမားဘ၀ ပထမဆုံးဆုဖလားရယူနိုင်တော့မှာဖြစ်ပြီး ပေါလ်ဆင်ကြောင့် နောက်ဆုတ်ခဲ့ရပြီဖြစ်ပါတယ်။ ပွဲအပြီးမှာ မူလာက သူ့အနေနဲ့ ချန်ပီယံဆုရယူနိုင်ဖို့ စောင့်ဆိုင်းရတာက ထူးဆန်းတဲ့ခံစားချက်လို့ ပြောကြားခဲ့ပါတယ်။

“အဲ့တာက အနည်းငယ်ထူးဆန်းနေပါတယ်။ ဘာလို့လဲဆိုတော့ ချေပဂိုးကြောင့်ပါ။ ကျွန်တော်တို့ ချန်ပီယံဖြစ်ပြီလို့ ထင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ အလယ်အလတ်မှာရှိနေခဲ့ပါတယ်။ ကျွန်တော်တို့ အောင်ပွဲခံဖို့ ပြင်ဆင်ထားပေမယ့် အခုတော့ ခံစားချက်က ထူးဆန်းသလိုဖြစ်နေပါတယ်။ လာမယ့်အပတ်မှာတော့ ကျွန်တော်တို့ ချန်ပီယံဆုရယူနိုင်မှာပါ။ ဒီအသင်းက ဘာလုပ်နိုင်လဲဆိုတာကို ပြသနေပါတယ်။ ဒီအသင်းမှာ ဒီလိုအသင်းဖော်တွေနဲ့ကစားရတာ ဂုဏ်ယူစရာပါ”လို့ မူလာက ပြောကြားခဲ့ပါတယ်။

ကွန်ပနီရဲ့အသင်းဟာ လေဗာကူဆင်အနေနဲ့ ဖရိုင်းဘတ်နဲ့ပွဲမှာသာ အမှတ်လျော့ခဲ့မယ်ဆိုရင် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ နောက်အပတ် မိုချန်ဂလာဘတ်နဲ့ပွဲမှာ ချန်ပီယံဆုကိုရယူနိုင်မှာဖြစ်ပါတယ်။