The network connection is lost.

Banner Image

နယူးကာဆယ်စတားအတွက် လီဗာပူးရဲ့ပထမဆုံးအကြိမ်ကမ်းလှမ်းမှုကို အသင်းဘက်က ပယ်ချ

လီဗာပူးအသင်းဟာ နယူးကာဆယ်တိုက်စစ်မှူး အီဆက်အတွက် ပထမဆုံးအကြိမ်ကမ်းလှမ်းမှုကို အသင်းဘက်က ပယ်ချလိုက်တယ်လို့ သိရပါတယ်။

ဆွီဒင်သားဟာ အသင်းကနေထွက်ခွာခွင့်တောင်းဆိုထားပြီး ၂ သင်းကြား ဆက်လက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ ကနဦးအကြိမ် ပေါင်သန်း ၁၂၀ နီးပါးနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး နယူးကာဆယ်ဘက်က ပယ်ချခဲ့တာလို့ သိရပါတယ်။ အက်သလက်တစ်သတင်းဌာနကလည်း နယူးဘက်က လီဗာပူးရဲ့ကနဦးကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားပေမယ့်လည်း ကစားသမားက အသင်းကနေထွက်ခွာဖို့သာ ဆုံးဖြတ်ထားပါတယ်။  စီနီယာကစားသမားအချို့က ဆက်နေဖို့ တိုက်တွန်းနေပေမယ့် ဆွီဒင်သားဟာ လက်ရှိ အသင်းဟောင်း ဆိုစီဒက်မှာ တစ်ဦးတည်းလေ့ကျင့်နေတယ်လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ အီဆက်ကို ကာလရှည်ပစ်မှတ်ထားခဲ့တာဖြစ်ပြီး မကြာခင်မှာ ထပ်မံတိုးမြှင့်ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

နယူးကာဆယ်ဘက်က သူတို့စတားကို ရောင်းချမှာမဟုတ်ဘူးလို့ ပြောကြားထားပေမယ့် ဆက်စ်ကိုနဲ့အစားထိုးဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ သတင်းတွေက ဆိုပါတယ်။
တကယ်လို့ အီဆက်ကို ရောင်းထုတ်ဖြစ်ခဲ့ရင် နယူးကာဆယ်ဟာ ဆက်စ်ကိုနဲ့ အစားထိုးမှာဖြစ်ပါတယ်။ အီဆက်ဟာ ၂၀၂၂ တုန်းက ပေါင်သန်း ၆၀ နဲ့ ဆိုစီဒက်အသင်းထံကနေ နယူးကာဆယ်ထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၃ နှစ်စာချုပ်သက်တမ်းကျန်နေပါတယ်။

နယူးကာဆယ်ဘက်က အီဆက်တစ်ယောက် အာရှခရီးစဉ်မပါဝင်တာဟာ အသေးစားဒဏ်ရာကြောင့်လို့ အကြောင်းပြထားပေမယ့် ကစားသမားက အသင်းပြောင်းမှာကြောင့်လို့ ထင်ကြေးပေးနေကြပါတယ်။

လီဗာပူးဟာ တိုက်စစ်ပိုင်းအတွက် ဖရန့်ဖတ်စတား အက်ကီတီကီကိုခေါ်ယူထားခဲ့ပေမယ့်လည်း အီဆက်ကို ထပ်မံခေါ်ယူဦးမှာဖြစ်ပါတယ်။ လာမယ့်အပတ်တွေမှာ အီဆက်အတွက် လီဗာပူးက တိုးမြှင့်ကမ်းလှမ်းဦးမှာဖြစ်ပြီး နယူးကာဆယ်ဘက်က ဆက်ထိန်းမထား ရောင်းထုတ်မလားဆိုတာ ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။