The network connection is lost.

Banner Image

ကိုဗစ်ကြောင့် အချိန်တစ်ခုအထိအနားယူရဦးမယ့် နေမာ

ဆန်းတို့စ်အသင်းကတော့ တိုက်စစ်မှူး နေမာတစ်ယောက် ကိုဗစ်ကူးစက်ခံရနေတယ်လို့ အတည်ပြုခဲ့ပြီး အချိန်တစ်ခုအထိ အနားယူရဦးမယ်လို့ သိရပါတယ်။ အယ်လ်-ဟီလယ်အသင်းထံကနေပြောင်းလာပြီးကတည်းက နေမာတစ်ယောက် ကံမကောင်းသေးပဲ ဒဏ်ရာပြဿနာတွေနဲ့သာ နပန်းလုံးခဲ့ရတာဖြစ်ပါတယ်။

အဲ့နောက် ဇန်နဝါရီတုန်းက အသင်းဟောင်း ဆန်းတို့စ်ထံပြန်လာခဲ့ပေမယ့် ကြံ့ခိုင်မှုပြဿနာ နဲ့ ဒဏ်ရာတွေကြောင့် ၁၂ ပွဲသာ ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။ အခုချိန်မှာလည်း နေမာတစ်ယောက် ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် အချိန်တစ်ခုအထိ အနားယူရတော့မယ်လို့ ဆန်းတို့စ်ဘက်က အတည်ပြုခဲ့ပါတယ်။ ကြာသပတေးနေ့က ကိုဗစ်တွေ့ခဲ့ပြီးနောက် ဘာစီလိုနာစတားဟောင်းဟာ သီးသန့်နေရမယ်လို့ ဆန်းတို့စ်ဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

“ကြာသပတေးနေ့က နေမာကိုစစ်ဆေးခဲ့ရာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။ အဆိုပါအခြေအနေကြောင့် သီးသန့်ထားရတော့မှာဖြစ်ပါတယ်။ ကစားသမားကလည်း ကိုဗစ်တွေ့ကတည်းက သီးသန့်နေထိုင်နေပြီး အနားယူနေပါတယ်။ ဆရာဝန်တွေဘက်ကလည်း ဆက်လက်ဂရုစိုက်ပေးနေပါတယ်”လို့ ဆန်းတို့စ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဘရာဇီးသားဟာ ကိုဗစ်ကြောင့် ဆန်းတို့စ်ပွဲတွေကို လွဲချော်မှာမဟုတ်ပဲ သောကြာနေ့မှာကန်မယ့် ဖော်တာလီဇာနဲ့ပွဲမှာကတည်းက ပွဲပယ်ခံထားရတာဖြစ်ပါတယ်။ ဆန်းတို့စ်ဟာ နောက်လာမယ့်ပွဲအဖြစ် ပါးလ်မီးရက်စ်အသင်းနဲ့ကန်ရမှာဖြစ်ပြီး အဲ့နောက် ကလပ်ကမ္ဘာ့ဖလားကြောင့် ၁ လလောက်အနားရဦးမှာဖြစ်ပါတယ်။