
ဂါလာတာစာရေးသို့ ၄ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့တဲ့ ဗစ်တာ အိုဆီမန်
ဗစ်တာ အိုဆီမန် ဟာ နာပိုလီ ကနေ ဂါလာတာစာရေး သို့ ပြောင်းရွှေ့ကာ တူရကီကလပ်နှင့် ၄ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဗစ်တာ ဂျိမ်းစ် အိုဆီမန်ကို သူ့ရဲ့ ကလပ်ဟောင်း နာပိုလီ နဲ့ သဘောတူညီမှု ရရှိပြီးနောက် အပြောင်းအရွှေ့ ပြုလုပ်ခဲ့ပါတယ်။ သဘောတူညီမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကလပ်ဟောင်းကို အသားတင် ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း ပေးချေရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကစားသမားကို နောင်တစ်ချိန် ရောင်းချရာက ရရှိမယ့် အမြတ်ငွေရဲ့ ၁၀% ကိုလည်း နာပိုလီ ကို ပေးချေရမှာ ဖြစ်ပါတယ်။ ဂါလာတာစာရေးကတော့ ကစားသမားနဲ့ ၂၀၂၅-၂၀၂၆ ရာသီကစပြီး အကျိုးသက်ရောက်မယ့် လေးနှစ်စာချုပ် ချုပ်ဆိုထားပါတယ်။သဘောတူညီချက်အရ ကစားသမားဟာ တစ်ရာသီကို လစာ ယူရို ၁၅ သန်း ၊ တစ်ရာသီအတွက် သစ္စာရှိမှု ဆုကြေး ယူရို ၁ သန်း နဲ့ ပုံရိပ်အသုံးပြုခအတွက် တစ်ရာသီကို ယူရို ၅ သန်း ရရှိမှာ ဖြစ်ပါတယ်။