The network connection is lost.

Banner Image

အဲဗာတန်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် အဆိုပါစွမ်းရည်ဟာ သူ့ရဲ့ 'အကောင်းဆုံးပုံစံ' မဟုတ်သေးကြောင်း အခိုင်အမာပြောကြားလာတဲ့ ပယ်လ်မာ

ချဲလ်ဆီး စူပါစတား ကိုးလ် ပယ်လ်မာက စနေနေ့က အဲဗာတန် ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် အားရကျေနပ်ခြင်းမရှိဘဲ အဆိုပါစွမ်းရည်ဟာ သူ့ရဲ့ 'အကောင်းဆုံးပုံစံ' မဟုတ်သေးကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

ဒဏ်ရာပြဿနာ‌တွေကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ စတန်းဖို့ဒ် ဘရစ်ချ်မှာ အနိုင်ရဖို့ အလွန်လိုအပ်နေသောပွဲတယမှာ အသက် ၂၃ နှစ်အရွယ် ပယ်လ်မာဟာ စက်တင်ဘာလနောက်ပိုင်း သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူခဲ့ပါတယ်။ ထို့နောက် ဒုတိယပိုင်း အလယ်လောက်မှာ ပယ်လ်မာတစ်ယောက် အသင်းဖော် အန်ဒရေ ဆန်းတို့စ် နဲ့ အစားထိုးလဲလှယ်ခြင်းခံခဲ့ရပြီး ပယ်လ်မာဟာ  ကြံ့ခိုင်မှုအပြည့်အဝပြန်ရရန် ကြိုးစားနေဆဲဖြစ်ကြောင်း အန်ဇို မာရက်စ်ကာက အတည်ပြုခဲ့ပါတယ်။

ပွဲအပြီး Match of the Day သို့ ပြောကြားရာမှာ ပယ်လ်မာက သူက အကောင်းဆုံးပုံစံသို့ ပြန်မရောက်သေးကြောင်းနဲ့ သူ့ကို ဒုက္ခပေးနေတဲ့ ပေါင်ခြံဒဏ်ရာနဲ့ ဆက်လက်ကစားနေရဆဲဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။ 

ပယ်လ်မာက  "ကျွန်တော် အခုချိန်ထိ အကောင်းဆုံးပုံစံကို ရောက်နေပြီလို့ မပြောနိုင်ပါဘူး။"ကျွန်တော် ဒဏ်ရာတစ်ခုကို ခံစားနေရတုန်းပါ။ ဒါက ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သွားစရာလမ်း နည်းနည်းတော့ ရှိပါသေးတယ်။ ဒါက ပိုကောင်းလာနေပါတယ်။"

"ကလပ်က ပြုစုသူတွေနဲ့ လုပ်ဆောင်နေတဲ့ အရာတွေပါ။ အရမ်းအများကြီးကို အရမ်းစောစော မလုပ်ဖို့ပဲ လိုတာပါ။တကယ်ကို ဒါက နေ့စဉ်နဲ့အမျှ လုပ်ရတဲ့ ကိစ္စပါ။ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့ပါတယ်။