 
                                                                        ချဲလ်ဆီးနဲ့ချန်ပီယံလိဂ်ပွဲကို လွဲချော်ဖွယ်ရှိနေတဲ့ ဘာစီလိုနာစတား
ဘာစီလိုနာကွင်းလယ်လူ ပီဒရီတစ်ယောက် တံကောက်ကြောဒဏ်ရာကြောင့် လာမယ့်ချဲလ်ဆီးနဲ့ချန်ပီယံလိဂ်ပွဲကို လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဂါဗီ ၊ ရာဖင်ဟာ နဲ့ ခရစ္စတီယန်ဆန်တို့လည်း ဒဏ်ရာရရှိနေပြီး ဖလစ်အတွက်တော့ အခုနှစ်မကုန်ခင် ကွင်းလယ်ပိုင်းပြဿနာရင်ဆိုင်နေရပါတယ်။ မန်ဒိုသတင်းဌာနရဲ့အဆိုအရ ပီဒရီရဲ့အခြေအနေဟာ ပြင်းထန်တဲ့တံကောက်ကြောဒဏ်ရာဖြစ်ပြီး ၁ လလောက်နားရနိုင်တယ်လို့ ဖော်ပြခဲ့ပါတာယ်။
အသက် ၂၂ နှစ်သားဟာ အယ်လ်ကလက်ဆီကိုပွဲမှာ အခြေအနေဆိုးဝါးတာကိုမြင်တွေ့ခဲ့ရပြီး နောက်ပိုင်းပွဲကစားချိန်မှာ လူစားလဲခဲ့ရပါတယ်။ အသင်းဘက်က စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် ကြေညာချက်ထုတ်ပြန်ရာမှာ “စီနီယာကစားသမား ပီဒရီဟာ ဘယ်ဘက်ပေါင်ခြံဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ကစားသမားတွေအနေနဲ့ ပြန်လည်ကြံ့ခိုင်မှုလုပ်ဆောင်ဖို့ အချိန်ယူရပါမယ်။ ၁ လလောက်နားရနိုင်ပြီး အယ်လ်ချီ ၊ ဘရုဂျက် ၊ ဆယ်လ်တာ ၊ ဘီလ်ဘာအို ၊ ချဲလ်ဆီး နဲ့ တီကိုပွဲတွေကို လွဲချော်နိုင်ပါတယ်”လို့ ထုတ်ပြန်ခဲ့ပါတယ်။
ပီဒရီမပါဝင်နိုင်မှုက ဖလစ်အတွက် ခေါင်းခဲစရာဖြစ်လာခဲ့ပြီး လက်ရှိဘာစီလိုနာကွင်းလယ်ရဲ့အဓိကမောင်းနှင်သူဖြစ်သလို ဒီရာသီအသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲအထိ ပါဝင်ကစားထားခဲ့ပါတယ်။ ပီဒရီတစ်ယောက် ယခင်တုန်းကလည်း စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပါဝင်ကစားပေးရင်း ဒဏ်ရာရရှိခဲ့သေးတာဖြစ်ပါတယ်။ ပီဒရီဒဏ်ရာအပြင် လက်ရှိဘာစီလိုနာမှာ လီဝန်ဒေါစကီး ၊ ရာဖင်ဟာ ၊ အိုလ်မို ၊ ဂါစီယာ ၊ ခရစ္စတီယန်ဆန် ၊ ဂါဗီ နဲ့ တာစတီဂျန်တို့ ဒဏ်ရာရနေပါတယ်။
ပိုလန်သားကတော့ ပြန်လာနိုင်ဖို့နီးစပ်နေပြီး လာမယ့်အယ်လ်ချီနဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေကာ ကျန်တဲ့ကစားသမားတွေကတော့ မသေချာသေးတာဖြစ်ပါတယ်။ အဓိကကစားသမားတွေဒဏ်ရာရနေတာကြောင့် လူငယ်စတားတွေဖြစ်တဲ့ ကာဆာဒို ၊ ဘာနယ် ၊ လိုပက်ဇ်တို့က တာဝန်ယူရဖွယ်ရှိနေပါတယ်။ ဖလစ်အတွက်တော့ ဒဏ်ရာရကစားသမားများပြားနေတာက ခက်ခဲဖွယ်ရှိနေပြီး လာလီဂါမှာ မက်ဒရစ်ကိုအရေးနိမ့်ပြီးနောက် ၅ မှတ်ကွာဟနေသလို ချန်ပီယံလိဂ်မှာလည်း ဆီဗီလာ ၊ ပီအက်စ်ဂျီတို့ကိုအရေးနိမ့်ထားခဲ့ပါတယ်။
ဘာစီလိုနာဟာ လာမယ့်အပတ်တွေမှာ အယ်လ်ချီ ၊ ဘရုဂျက် ၊ ဆယ်လ်တာတို့နဲ့ကစားရမှာဖြစ်ပြီး ဖလစ်အနေနဲ့ ၄-၂-၃-၁ ကစားကွက်မှာ ဒီဂျောင် နဲ့ ကာဆာဒိုတို့ကို တွဲဖက်ကာ တိုက်စစ်အတွက် ဘာနယ် နဲ့ လိုပက်ဇ်တို့ကို လိုက်ပါခိုင်းဖွယ်ရှိနေပါတယ်။ လီဝန်ဒေါစကီးပြန်လာနိုင်မှုကို ပရိသတ်တွေက စောင့်မျှော်နေပြီး ရက်ရှ်ဖို့ဒ်ကလည်း တိုက်စစ်ပိုင်းမှာ အားထားရလာပေမယ့် မကြာသေးခင်က ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာအလယ်မှာ ဘာစီလိုနာဟာ ချဲလ်ဆီး ၊ ဘီလ်ဘာအို ၊ တီကိုတို့နဲ့ကစားရမှာဖြစ်ပြီး ဖလစ်အတွက် စိန်ခေါ်မှုတွေရှိလာနိုင်ပါတယ်။ အသင်းဆေးအဖွဲ့ဘက်ကတော့ ပီဒရီကို ကြံ့ခိုင်မှုပြည့်ဝအောင်လုပ်ဆောင်နေပြီး အဆင်ပြေခဲ့မယ်ဆိုရင် လာမယ့်ဒီဇင်ဘာအလယ်လောက်မှာ ပြန်လာနိုင်ဖွယ်ရှိနေပါတယ်။
 
         
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                