The network connection is lost.

Banner Image

ဂိုးသမားနေရာအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်လာတဲ့ ပီအက်စ်ဂျီ

သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ ဂိုးသမား ဒွန်နာရမ်မာထွက်ခွာနိုင်ချေရှိနေတာကြောင့် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လိုင်လီဂိုးသမား ချီဗာလီယာကိုခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ ရိုမာနိုကတော့ ပီအက်စ်ဂျီဟာ ချီဗာလီယာကို ပေါင် ၃၄ သန်းဝန်းကျင်နဲ့ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ၂ သင်းကြား နောက်ဆုံးအဆင့်ဆွေးနွေးနေပြီး ပီအက်စ်ဂျီဥက္ကဌ ကလိုင်ဖီ ၊ အိုလီဗာတို့ပါဝင်ကာ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်သားကို ၅ နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိထားပြီး ဒွန်နာရမ်မာနေရာမှာ အစားထိုးမယ်လို့ သိရပါတယ်။ ချီဗာလီယာရောက်လာတာကြောင့် ပီအက်စ်ဂျီဟာ အရည်အသွေးမြင့်လူငယ်တွေနဲ့ အသင်းကို အစားထိုးမှုဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒွန်နာရမ်မာဟာ ၂၀၂၄ - ၂၅ ရာသီမှာ အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပေမယ့် စာချုပ်သစ်အတွက် ဆွေးနွေးရာမှာ လုပ်ခလစာကြောင့် အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။

အီတလီသားကို ချဲလ်ဆီး ၊ ယူနိုက်တက် ၊ မန်စီးတီး နဲ့ ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေကြပါတယ်။ ၂၀၂၂ မှာ လိုင်လီအသင်းနဲ့အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ခဲ့ပေမယ့် ချီဗာဟာ လီဂူးဝမ်းရဲ့စိတ်အချရဆုံးဂိုးသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ချီဗာလီယာတစ်ယောက် လိုင်လီနဲ့အတူ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီး ၄၈ ပွဲမှာ ၁၃ ပွဲအထိ ပေးဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ လာမယ့်ရက်အနည်းငယ်အတွင်းမှာ လိုင်လီနဲ့ အပြောင်းအရွှေ့အပြီးသတ်ဖို့လုပ်ဆောင်နေပြီး အဆင်ပြေခဲ့ရင် အသင်းနဲ့ရာသီကြိုခရီးစဉ်မှာ ပူးပေါင်းမှာဖြစ်ပါတယ်။ အီတလီသားကတော့ လက်ရှိပီအက်စ်ဂျီမှာရှိနေပေမယ့် အပြောင်းအရွှေ့အတွက် လမ်းဖွင့်ထားတာဖြစ်ပါတယ်။