The network connection is lost.

Banner Image

ဘီလ်ဘာအိုနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အာမိုရင်ရဲ့ ချီးကျူးမှုကိုရရှိခဲ့တဲ့ ဟွိုက်လန်း

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းဟာ သောကြာနေ့နံနက်က ဘီလ်ဘာအိုကို ၀-၃ နဲ့အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေမယ့် နည်းပြ ရူဘင်အာမိုရင်ရဲ့လှိုက်လှိုက်လှဲလှဲချီးကျူးမှုကို ရရှိခဲ့ပါတယ်။

အာမိုရင်က ဟွိုက်လန်းဟာ  ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သူမြင်ဖူးသမျှပွဲစဉ်တွေမှာ ခြေစွမ်းအပြနိုင်ဆုံးပွဲစဉ်ဖြစ်ခဲ့တယ်လို့ချီးကျူးခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ၀-၃ နဲ့ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲသို့ ခြေတစ်ဖက်လှမ်းသွားခဲ့ပြီလို့ ဆိုရမှာဖြစ်ပြီး ဒုတိယအကျော့ အိမ်ကွင်းမှာတော့ ၃ ဂိုးပြတ်ပြန်မရှုံးဖို့သာ ကြိုးစားသွားရတော့မှာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ အာမိုရင်က "ကျွန်တော် ယူနိုက်တက်မှာ နည်းပြလုပ်လာတဲ့တစ်လျှောက် ဒီပွဲက သူ့ရဲ့ခြေစွမ်းအကောင်းဆုံးပွဲဖြစ်ပါလိမ့်မယ်။ အသင်းကို အများကြီးကူညီနိုင်ခဲ့ပြီး ဆုံးဖြတ်ချက်တွေလည်းမှန်ကန်ခဲ့ပါတယ်။ သူ့အတွက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သလို၊ မက်ဂွါရီအနေနဲ့လည်း အရာရာတိုင်းက ပြောင်းလဲနိုင်တယ်ဆိုတာ နားလည်သင့်ပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ တနင်္ဂနွေနေ့ပွဲအတွက့အာရုံစိုက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။

လာမယ့် တနင်္ဂနွေနေ့‌မှာတော့ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဟွိုက်လန်းတစ်ယောက် အထင်ကြီးလောက်စရာခြေစွမ်းမျိုး ထပ်မံပြသသွားနိုင်ဖို့ ကြိုးစားသွားရပါမယ်။