
ဘရာဇီးသားကို ကမ်းလှမ်းထားတဲ့စာချုပ်ကိုပြောင်းလဲမှာမဟုတ်တဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်အသင်းဘက်ကတော့ တောင်ပံကစားသမား ဗင်နီဆီးယက်စ်ကို ကမ်းလှမ်းထားတဲ့စာချုပ်ကို ပြောင်းလဲမှာမဟုတ်ဘူးလို့ သိရပါတယ်။ အလွန်ဆိုလက်အောက်မှာ ပြီးခဲ့တဲ့အပတ်တွေအတွင်း ၂ ကြိမ်ချန်လှပ်ခံခဲ့ရပြီးနောက် ဗင်နီတစ်ယောက် ဒီရာသီမှာ နေရာရဖို့တိုက်ပွဲဝင်ရဖွယ်ရှိနေပါတယ်။ မာကာသတင်းဌာနရဲ့အဆိုအရ ဗင်နီရဲ့အချက်အလက်တွေဟာ နည်းပြသစ် အလွန်ဆိုလက်အောက်မှာ ပြောင်းလဲခဲ့ပြီလို့ ဆိုပါတယ်။
ဒီရာသီ ၂ ပွဲလောက်အရန်ခုံထိုင်ခဲ့ရပြီးနောက် ဘရာဇီးသားဟာ ပွဲတိုင်းကိုပွဲထွက်ခွင့်ပုံမှန်ရဖို့ အာမခံချက်မရှိတော့တာဖြစ်ပါတယ်။ ဗင်နီအနေနဲ့ ပုံမှန်ပွဲထွက်ခွင့်လိုချင်တယ်ဆိုရင် သူ့ရဲ့စွမ်းဆောင်ရည်အဟောင်းအတိုင်း ပြန်လည်ပြသနိုင်ဖို့ လိုအပ်နေပါတယ်။ ဗင်နီရဲ့အေးဂျင့် ပီနာကတော့ ရီးရဲလ်အသင်းစီအီးအို ဆန်းချက်ဇ်နဲ့တွေ့ဆုံကာ စာချုပ်အခြေအနေကို လာမယ့်တနင်္လာနေ့မှာ ဆွေးနွေးမှာဖြစ်ပါတယ်။
ရီးရဲလ် နဲ့ ဗင်နီတို့ကြား စာချုပ်သက်တမ်းက ၂ ရာသီကျော်ကျန်နေသေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၂၅ နှစ်သားရဲ့လုပ်ခလစာတောင်းဆိုမှုက ဖြစ်လာနိုင်ချေနည်းပါးနေပြီး ရီးရဲလ်အသင်းဘက်က သူ့အေးဂျင့်ကို နောက်ဆုံးကမ်းလှမ်းခဲ့တဲ့ကမ်းလှမ်းမှုကို ပြောင်းလဲမှာမဟုတ်ဘူးလို့ အသိပေးထားခဲ့ပြီးဖြစ်ပါတယ်။
ဗင်နီကို ၂၀၂၄ တုန်းက ဆော်ဒီမြေက ချိတ်ဆက်ခဲ့သေးပေမယ့် ကစားသမားကိုယ်တိုင်က အသင်းမှာသာ ဆက်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စာချုပ်သက်တမ်းမတိုးဖြစ်ခဲ့ရင် ကစားသမားအနေနဲ့ အသင်းပြောင်းဖို့များနေပါတယ်။ ဗင်နီဟာ အသင်းအတွက် ၂ ဂိုးသွင်းယူပေးထားနိုင်ပြီး ပြီးခဲ့တဲ့ဆိုစီဒက် ၊ မာဆေးလ်တို့နဲ့ပွဲတွေမှာတော့ အရန်ခုံမှာသာ ထိုင်ခဲ့ရပါတယ်။