The network connection is lost.

Banner Image

ဆော်ဒီမြေက စိတ်ဝင်စားနေချိန် အနာဂတ်အတွက်ဆုံးဖြတ်ခဲ့ပြီးဖြစ်တဲ့ ဘာစီလိုနာစတား

ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးဟာ အသင်းနဲ့အတူ ထိပ်တန်းအဆင့်မှာဆက်ကစားဖို့ ရည်ရွယ်ထားပြီး ဘယ်အသင်းကိုမှပြောင်းမှာမဟုတ်ဘူးလို့ သိရပါတယ်။

ပိုလန်သား နဲ့ ဘာစီလိုနာတို့ကြား စာချုပ်သက်တမ်းက ၂၀၂၆ မှာကုန်ဆုံးမှာဖြစ်ပြီး သတင်းတွေအမျိုးမျိုးထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း အသက်  ၃၆ နှစ်သားကတော့ အသင်းအတွက်ပြန်လည်ပေးဆပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ စပေါ့တ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဘိုင်ယန်တိုက်စစ်မှူးဟောင်းကတော့  ဖလစ်ရဲ့နည်းစနစ်မှာ အရေးပါတဲ့ကစားသမားအဖြစ်ရှိနေဆဲဖြစ်ပြီး လာမယ့်ရာသီမှာလည်း နေရာဆက်ရဖို့များနေပါတယ်။ ဆော်ဒီကလပ်တွေက လီဝန်ဒေါစကီးအေးဂျင့်ကို ချိတ်ဆက်နေပေမယ့် ကစားသမားကိုယ်တိုင်က စပိန်မြေမှာပဲ ဆက်နေချင်နေပါတယ်။

၂၀၂၄ - ၂၅ ရာသီတုန်းက အသင်းအတွက် ၄၂ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပြီး ၃ ဂိုးဖန်တီးပေးနိုင်ခဲ့ကာ အသင်းနဲ့အတူ လာလီဂါ ၊ ကိုပါဒယ်ရေး နဲ့ စပိန်စူပါဖလားတွေရယူနိုင်ခဲ့ပါတယ်။  ဒါပေမယ့်လည်း ဘာစီလိုနာဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာတော့ အင်တာမီလန်ကို အရေးနိမ့်ခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ လုပ်ခလစာအခြေအနေကြောင့် လီဝန်ဒေါစကီးကို ရှင်းထုတ်နိုင်တာဖြစ်ပြီး တစ်ရာသီကို ပေါင် ၁၁ သန်းလောက်အထိ ပေးချေနေရပါတယ်။

ဒါပေမယ့် အသင်းအတွင်းမှာတော့ လီဝန်ဒေါစကီးဟာ ဘာစီလိုနာအတွက် အရေးပါတဲ့သူအဖြစ် ဆက်လက်ရှိနေဆဲလို့ သိရပါတယ်။ လီဝန်ဒေါစကီးကိုယ်တိုင်က လာမယ့်ရာသီသစ်အတွက် အာရုံစိုက်နေပြီး အခြေအနေတွေက ပြောင်းလဲဖွယ်မရှိတာဖြစ်ပါတယ်။ ဘာစီလိုနာဟာ လာလီဂါရာသီသစ်မစတင်ခင် ဂမ်ပါဖလားပွဲအဖြစ် ကိုမိုအသင်းနဲ့ကစားရမှာဖြစ်ပါတယ်။