The network connection is lost.

Banner Image

အန်ဒိုရာကို အနိုင်ရပြီးနောက် အာဆင်နယ်ကြယ်ပွင့်အတွက် စိုးရိမ်မိကြောင်း ပြောကြးလိုက်တဲ့ ရွိုင်ကိန်း

အီးဇီးဟာ စနေနေ့က အန်ဒိုရာကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ နံပါတ် ၁၀ နေရာမှာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ခရစ္စတယ်လ် ပဲလေ့စ်ကြယ်ပွင့်ဟောင်း အီးဇီးဟာ အာဆင်နယ်အသင်းဖော်သစ်ဖြစ်တဲ့ နိုနီ မာဒူကီနဲ့ ညာဘက်ခြမ်းမှာ တွဲဖက်ပြီး ခြေစွမ်းပြခဲ့ကာ ပထမပိုင်းမှာ ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးရရှိခဲ့ပါတယ်။ ဒုတိယပိုင်းအစောပိုင်းမှာ မာဒူကီဟာ အန်ဒိုရာဂိုးသမား ကာကွယ်ခဲ့တဲ့ အီးဇီးရဲ့အားနည်းတဲ့ ကန်သွင်းမှု ကို ဖန်တီးပေးခဲ့ပါတယ်။

အီးဇီးဟာ ၅၅ မိနစ်အကြာမှာ ဂိုးသွင်းဖို့အတွက် ပိုပြီးကောင်းမွန်တဲ့အခွင့်အရေး ရရှိခဲ့ပါတယ်။ မားကပ်စ် ရပ်ရှ်ဖို့ဒ်က ဘယ်ဘက်ခြမ်းကနေ ဖန်တီးပေးခဲ့ပေမယ့် သူကတော့ ဘားတန်းအပေါ်ကို ကန်သွင်းခဲ့ပါတယ်။

အာဆင်နယ်ဂန္တဝင်ဟောင်း အီယန် ရိုက်ကတော့ ဗီလာပတ်ခ်မှာ အီးဇီးရဲ့ခြေစွမ်းကို ကျေနပ်နေချိန်မှာ ကိန်းကတော့ နည်းပြ တူချယ်လ်အနေနဲ့ ‘ပိုပြီးအဆင့်မြင့်တဲ့ စံနှုန်း’ကို မျှော်လင့်လိမ့်မယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

‘တချို့အခြေအနေတွေမှာ သူ ဘောလုံးကို ရရှိခဲ့ပါတယ်။ ပထမပိုင်းမှာ သူ လုပ်နိုင်ခဲ့ပြီး ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးရှိခဲ့ပါတယ်’ ‘သူ ပိုပြီးကောင်းအောင် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့တဲ့အတွက် စိတ်ပျက်မိပါလိမ့်မယ်။ ဒါပေမဲ့ သူ အဲဒီဧရိယာမှာ ရှိနေသရွေ့ ကျွန်တော် တကယ်ကို ပျော်ရွှင်ပါတယ်’ လို့ ရိုက်က ပြောကြားခဲ့ပါတယ်။

ကိန်းကလည်း ‘ဒီလိုကစားသမားတွေအကြောင်း ပြောတဲ့အခါ ကျွန်တော့်အတွက် စိုးရိမ်တာက သူ ကောင်းခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ နည်းပြကတော့ ကောင်းတာက မလုံလောက်ဘူး။ အဲဒီထက် ပိုပြီးအဆင့်မြင့်တဲ့ စံနှုန်းတွေထားဖို့ လိုအပ်တယ် လို့ ပြောမှာပါ’ လို့ ပြန်ပြောခဲ့ပါတယ်။

ပွဲအပြီးမှာ နည်းပြ တူချယ်လ်ကလည်း အဲဒီအမြင်တွေကို မျှဝေခဲ့ပြီး အာဆင်နယ်ကြယ်ပွင့်ဟာ သူ့ရဲ့ဆုံးဖြတ်ချက်ချမှတ်မှုတွေနဲ့ပတ်သက်လို့ ‘အနည်းငယ် ရုန်းကန်ခဲ့ရပါတယ်’လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

‘ကျွန်တော်တို့ အရှိန်မြှင့်ဖို့ အခိုက်အတန့်လေးတွေကို လွဲချော်ခဲ့ပါတယ်။ အီးဇီးက နံပါတ် ၁၀ နေရာမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့တာ ဖြစ်နိုင်ပါတယ်။ မာဒူကီရဲ့နောက်ဆုံးပေးပို့မှုတွေက လုံလောက်မှုမရှိသလို၊ ရပ်ရှ်ဖို့ဒ်ကလည်း ကောင်းမွန်တဲ့အခိုက်အတန့်တွေ ရှိခဲ့ပေမယ့် ဂိုးအဖြစ် အဆုံးသတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ကျွန်တော်တို့ဟာ ဒုတိယဂိုးကို အရင်ကတည်းက သွင်းယူခဲ့သင့်ပါတယ်’လို့ နည်းပြက ပြောကြားခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့ ဘဲလ်ဂရိတ်ကွင်းမှာ ဆားဘီးယားကို ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။