လီဝန်ဒေါစကီးအပြောင်းအရွှေ့ကို ဗီတိုအာဏာသုံးစွဲကာ ပယ်ချခဲ့တဲ့ ဆာဂျင်ရက်ကလစ်ဖ်
မန်ချက်စတာယူနိုက်တက်ပူးတွဲအသင်းပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးအတွက် ဖြစ်နိုင်ချေရှိမယ့် အပြောင်းအရွှေ့လှုပ်ရှားမှုတစ်ခုကို ဗီတိုအာဏာသုံးစွဲကာ ပယ်ချခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ အသက်-၃၇ နှစ်အရွယ်တိုက်စစ်မှူးရဲ့ ဘာစီလိုနာနဲ့စာချုပ်က အခုဘောလုံးရာသီကုန်မှာ သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး အသင်းမှထွက်ခွာမယ်လို့ ယူဆရပါတယ်။
လီဝန်ဒေါစကီးက ကတ္တလန်ဒေသခံကစားသမားဘဝမှာ ပြိုင်ပွဲစုံ ၁၅၆ ပွဲကစား၊ ၁၀၅ ဂိုးသွင်းယူပြီး အထင်ကြီးလောက်စရာခြေစွမ်းမျိုး ပြသခဲ့ပါတယ်။ The Mirror ရဲ့အဆိုအရ လီဝန်ဒေါစကီးရဲ့စွမ်းဆောင်ရည်အပေါ် အလွန်နှစ်သက်သူအဖြစ် မန်ချက်စတာယူနိုက်တက်နည်းပြအာမိုရင်ကို ရည်ညွှန်းကြပေမဲ့ အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ကတော့ ဒီအပြောင်းအရွှေ့အတွက် ဖြစ်နိုင်ခြေအားလုံးကို တားဆီးပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်စစ်မှူးက ဘာစီလိုနာမှာ သီတင်းတစ်ပတ်လုပ်ခ ပေါင် ၅၄၀,၀၀၀ အထိ ရရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး လီဝန်ဒေါစကီးရဲ့လစာတောင်းဆိုချက်ကို များပြားလွန်းတယ်လို့ ယူနိုက်တက်ဘက်မှ ယူဆနေတယ်လို့ သိရပါတယ်။