The network connection is lost.

Banner Image

ဟေးလ်ဒစ်ကင်ဆန်ကွင်းနိုင်ပွဲအတွက် အားရကျေနပ်နေတဲ့ သောမတ်စ်ဖရန့်ခ်

အဲဗာတန်က တော့တင်ဟမ်ကို ၃-၀ ဂိုးဖြင့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အရေးနိမ့်ခဲ့ပါတယ်။ သောမတ်စ်ဖရန့်ခ်ကိုယ်တိုင်လည်း အဲဗာတန်ရဲ့ဟေးလ်ဒစ်ကင်ဆန်ကွင်းရှုံးပွဲမရှိမှတ်တမ်းကို ရပ်တန့်စေခဲ့တဲ့ တော့တင်ဟမ်ရဲ့အောင်ပွဲအတွက် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

အခုရှုံးနိမ့်မှုမတိုင်ခင် အဲဗာတန်က ဂူဒီဆင်ပတ်ခ်မှ ပြောင်းရွှေ့လာပြီးနောက်ပိုင်း သူတို့ရဲ့အိမ်ကွင်းသစ်ကြီးမှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း ထောင့်ကန်ဘောနှစ်ကြိမ်မှ ရောက်ရှိလာတဲ့ ဗန်ဒီဗန်ရဲ့ခေါင်းတိုက်အဆုံးသတ်မှုနှစ်ကြိမ်ကို ဒေးဗစ်မိုရက်စ်ရဲ့အသင်း ဘယ်လိုမှမကာကွယ်နိုင်ခဲ့ပါဘူး။ ပွဲချိန်နှောင်းပိုင်းမှာလည်း တော့တင်ဟမ်အတွက် အပိတ်ဂိုးကို လူစားဝင်ကစားသမားပါပေးဆားက သွင်းယူခဲ့ပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ မြောက်လန်ဒန်ကလပ်အသင်းက အမှတ်ပေးဇယားတတိယနေရာဆီ တက်လှမ်းသွားခဲ့သလို အဲဗာတန်ကတော့ အမှတ်ပေးဇယားအဆင့်-၁၄ နေရာမှာပဲ ဆက်ရှိနေခဲ့ပါတယ်။ ပွဲစဉ်နဲ့ပတ်သက်ပြီး တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်က “ ခြုံပြီးပြောရရင် အရမ်းကောင်းမွန်တဲ့ စွမ်းဆောင်ရည်ဖြစ်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ပထမပိုင်းပွဲချိန်တွေနဲ့ပတ်သက်လို့ ကျေနပ်မိပါတယ်။ ပထမပိုင်းမှာဆိုရင် ကျွန်တော်တို့အသင်း ကဏ္ဍအလိုက် အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့တယ်လို့ ထင်ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ တစ်ဦးချင်းရင်ဆိုင်တိုက်ခိုက်မှုတွေ ပိုမိုများပြားခဲ့ပါတယ်။ အဲဗာတန်ဆိုတာ ဒေးဗစ်မိုရက်စ်ကိုယ်တိုင် အကောင်းဆုံးပြင်ဆင်ပေးထားတဲ့ အသင်းကောင်းတစ်ခု ဖြစ်ပါတယ်။ သူတို့မှာ အရမ်းကောင်းတဲ့အိမ်ကွင်းပရိသတ်ထုကြီးရှိပြီး အိမ်ကွင်းရှုံးပွဲလည်း မရှိခဲ့ပါဘူး။ ပရီးမီးယားလိဂ်ရဲ့ဘယ်ကွင်းမှာမဆို၊ အဝေးကွင်းသုံးဂိုးပြတ်အနိုင်ရရှိမှုဆိုတာ အရမ်းကောင်းတဲ့ရလဒ်တစ်ခုပါ။ ဒါကြောင့် ကျေနပ်စရာကောင်းလွန်းလှတဲ့ အလွတ်တည်ကန်ဘောတွေနဲ့အတူ အလွန်ပျော်ရွှင်မိပါတယ်။

ဒီအောင်ပွဲက ကျွန်တော်တို့ နည်းနည်းလေးပိုလုပ်ချင်နေတဲ့ အဆင့်တစ်ခုဆီ ပို့ဆောင်ပေးနိုင်မယ့် စွမ်းရည်တစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ပဲ ပြောရပါလိမ့်မယ်။ နောက်ပြီး ကျွန်တော်တို့က သုံးရက်တစ်ကြိမ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲကစားရတဲ့အတွေ့အကြုံပိုင်း နည်းပါးနေဆဲ အသင်းလူစာရင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ပြိုင်ပွဲနှစ်ရပ်လုံးမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့နဲ့ အထူးသဖြင့် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်အပြီး ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာပါ ယှဉ်ပြိုင်ကစားနိုင်နေဖို့ပါပဲ။ အခုအတိုင်း ဆက်လုပ်နိုင်ဖို့ ခွန်အား၊ အာရုံစူးစိုက်မှုနဲ့ စိတ်ဆန္ဒတို့ကို ဆက်လက်ထိန်းသိမ်းထားရပါမယ်။ ဒီနေ့နိုင်ပွဲရရှိဖို့ ကစားသမားတွေကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ခဲ့ပုံကို ကျွန်တော်ကျေနပ်မိပါတယ်။ ဘိုဒိုဂလင့်နဲ့အဝေးကွင်းပွဲစဉ်အပြီး လိဒ်နဲ့ပွဲစဉ်ကိုလည်း အနိုင်ရရှိခဲ့ပါတယ်။ ဒါက အသင်းရဲ့စိတ်ဓါတ်ပိုင်းကို ပြသပေးနေတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ လုပ်ချင်တဲ့အရာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးအရာကတော့ စိတ်ဓါတ်ပိုင်းပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။