
အင်္ဂလန်သားအနေနဲ့ အံ့ဖွယ်ခြေစွမ်းမျိုးပြတ်လပ်နေတယ်လို့ တူချယ် ယုံကြည်နေ
အန်ဒိုရာကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲအပြီး အင်္ဂလန်နည်းပြ တူချယ်က ရက်ရှ်ဖို့ဒ်အနေနဲ့ အံ့ဖွယ်စွမ်းဆောင်မျိုးပြတ်လပ်နေတယ်လို့ ယုံကြည်နေပါတယ်။စနေနေ့တုန်းက ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘာစီလိုနာစတားဟာ စွမ်းဆောင်ရည်ကောင်းမပြသနိုင်ခဲ့တာဖြစ်ပါတယ်။
တူချယ်ကတော့ အသက် ၂၇ နှစ်သားရဲ့လေ့ကျင့်ခန်းအစီအစဉ်အတွင်း အာရုံစူးစိုက်မှုကိုချီးကျူးပြောကြားခဲ့ပါတယ်။ “သူ(ရက်ရှ်ဖို့ဒ်) အချက်အလက်တွေနဲ့ပတ်သက်ပြီး အနည်းငယ်ရုန်းကန်ခဲ့ရပါတယ်။ ပြီးတော့ အင်္ဂလန်အသင်းနဲ့ အံ့ဖွယ်စွမ်းဆောင်ရည်မျိုးလိုအပ်နေပါတယ်။ ကျွန်တော် အဲ့တာကို သဘောတူပါတယ်။
ဒါပေမယ့် သူလေ့ကျင့်ခန်းအစီအစဉ်အတွင်း အာရုံစိုက်တာကိုတော့ ကျွန်တော် ကြိုက်ပါတယ်။ အဲ့နောက် ကျွန်တော်တို့ အမြဲတမ်းသူ့ကိုယုံကြည်ပြီး တွန်းအားပေးရမှာဖြစ်သလို ထောက်ပံ့ပေးရပါမယ်။ သူကြိုးစားနေတာကို ကျွန်တော်မြင်နိုင်ပါတယ်။ ကျွန်တော့်အတွက် သူ့အနေနဲ့ အခုလိုမျိုးတက်တက်ကြွကြွနေဖို့က အရေးအကြီးဆုံးအရာပါ။ မှန်ကန်တဲ့အာရုံစိုက်မှု ၊ အပြုံးတွေနဲ့အတူ အရည်အချင်းတွေလည်း လိုအပ်ပါတယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားဟောင်းအနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်နိုင်ဖို့ ရေပန်းမစားပေမယ့် တူချယ်လက်အောက်မှာ သေချာလေးကြိုးစားမယ်ဆိုရင် ပါဝင်လာနိုင်ချေရှိနေပါတယ်။
တူချယ်အနေနဲ့ လာမယ့် ဆားဘီးယားနဲ့ပွဲမှာ ပထမပွဲစဉ်ကလူစာရင်းအတိုင်းပဲ ပွဲထွက်လာဖွယ်ရှိနေပါတယ်။ တကယ်လို့ ရက်ရှ်ဖို့ဒ်အနေနဲ့ အင်္ဂလန်မှာ ခြေစွမ်းကောင်းပြသနိုင်ရင် ဘာစီလိုနာမှာလည်း ပွဲထွက်ခွင့်ပုံမှန်ရလာဖွယ်ရှိနေပါတယ်။