The network connection is lost.

Banner Image

သောမတ်စ်ဖရန့်ခ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း တော့တင်ဟမ်ကြေညာ

တော့တင်ဟမ်ဟာ အသင်းအတွက်ယူရိုပါလိဂ်အောင်မြင်မှုဆွတ်ခူးပေးနိုင်ခဲ့တဲ့ နည်းပြအန်ဂျီပိုစတီကိုဂလူကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ယခုအခါမှာတော့ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ကြေညာလာခဲ့ပါတယ်။ 

ဘရန့်ဖို့ဒ်နဲ့အတူ ၇ နှစ်ကြာနေထိုင်ခဲ့တဲ့ သောမတ်စ်ဖရန့်ခ်ဟာ ယခုအခါမှာတော့ မြောက်လန်ဒန်သို့ထွက်ခွာသွားတော့မှာဖြစ်ပြီး တော့တင်ဟမ်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ ဖရန့်ခ်ဟာ သူ့ရဲ့လက်ထောက်နည်းပြတွေဖြစ်တဲ့ ဂျက်စတင်ကိုကရိန်း၊ ခရစ်ဟက်ဆလန်နဲ့ ဂျိုးနယူတန်တို့အပါအဝင် အလွတ်တည်ကန်ဘောနည်းပြ အန်ဒရီဂျော်ဆန်ကိုလည်း တော့တင်ဟမ်သို့တစ်ပါတည်းခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ 

ဖရန့်ခ်ဟာ ဘရန့်ဖို့ဒ်အတွက် အတော်လေးအကျိုးပြုခဲ့တဲ့နည်းပြတစ်ဦးဖြစ်ပြီး ၇၄ နှစ်အတွင်း အသင်းကိုပထမဆုံးအကြိမ် ပရီးမီးယားလိဂ်သို့တန်းတက်စေခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာလည်း ဖရန့်ခ်ဟာ ဘရန့်ဖို့ဒ်ကို အထင်ကြီးလောက်စရာအသင်းတစ်သင်းအဖြစ်ပျိုးထောင်ခဲ့ပြီး အင်္ဂလန်ထိပ်တန်းဘောလုံးလောကမှာ ရင်ဆိုင်ရခက်ခဲတဲ့ ပြိုင်ဘက်အသင်းဖြစ်စေခဲ့ပါတယ်။ 

တော့တင်ဟမ်က "သောမတ်စ်ဖရန့်ခ်ကိုနည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း ကြေညာရလို့ ဝမ်းသာမိပါတယ်။ ဖရန့်ခ်ကို ၂၀၂၈ ခုနှစ်အထိစာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး သူဟာ အင်္ဂလိဂ်ဘောလုံးလောကမှာ အတွေ့အကြုံရင့်နည်းပြတစ်ဦးဖြစ်ပါတယ်။ ဖရန့်ခ်နဲ့အတူ ကျွန်တော်တို့ တိုးတက်တဲ့အသင်းတစ်သင်းဖြစ်လာဖို့ ကြိုးစားတည်ဆောက်သွားပါမယ်" လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ဖရန့်ခ်အနေနဲ့ နည်းပြဟောင်း ပိုစတီကိုဂလူကို အားပေးထောက်ခံခဲ့ကြတဲ့ တော့တင်ဟမ်ကစားသမားတွေထံမှ ယုံကြည်မှုရရှိအောင် ကြိုးစားသွားဖို့လိုအပ်နေပြီး ဘရန့်ဖို့ဒ်မှ သူ့ရဲ့ကစားသမားတွေကိုလည်း ခေါ်ယူခွင့်ရရှိအောင်ကြိုးပမ်းသွားရပါမယ်။ ဝါရင့်နည်းပြအချို့ တော့တင်ဟမ်မှာ ဆုဖလားဆွတ်ခူးဖို့ ကျရှုံးခဲ့ကြပေမယ့် သောမတ်စ်ဖရန့်ခ်အနေနဲ့တော့ ယူရိုပါလိဂ်ချန်ပီယံတွေကိုအောင်မြင်မှုတွေ ဆက်လက်ဆွတ်ခူးပေးသွားနိုင်မလား နောက်ရာသီမှာစောင့်ကြည့်ရပါမယ်။