The network connection is lost.

Banner Image

ဆားဘီးယားကိုအနိုင်ရရှိပြီးနောက် အသင်းဖော်တစ်ဦးကို ချီးကျူးလိုက်တဲ့ ရိုက်စ်

အင်္ဂလန်အသင်းစတား ဒီကလန်ရိုက်စ်က ဆားဘီးယားကိုအနိုင်ရခဲ့တဲ့ပွဲမှာ အသင်းဖော် အီလီယော့တ်အန်ဒါဆန်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပါတယ်။ နော်တင်ဟမ်စတားဟာ လိဂ်အတွင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီးနောက် ပထမဆုံးနိုင်ငံအသင်းကခေါ်ယူခံခဲ့ရတာဖြစ်ပါတယ်။

အန်ဒါဆန်ဟာ အန်ဒိုရာကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းတစ်ရပ်ပြသနိုင်ခဲ့တဲ့ကစားသမားတွေထဲကတစ်ဦးဖြစ်သလို အခုလည်း ဆားဘီးယားနဲ့ပွဲမှာ ထပ်မံစွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက ကွင်းလယ်ခံစစ်ကစားသမားမျိုးပြတ်လပ်နေခဲ့တာဖြစ်ပြီး အသက် ၂၂ နှစ်သားက တူချယ်ရဲ့အစီအစဉ်ထဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

ရိုက်စ်ကလည်း အင်္ဂလန်မှာ အန်ဒါဆန်နဲ့အတူ တွဲဖက်ပြီး ဆက်လက်ကစားချင်နေပါတယ်။ “သူ(အန်ဒါဆန်)က ကစားရလွယ်ကူအောင်လုပ်ပေးနိုင်ပါတယ်။သူက ၂ နှစ်အတွင်းအသင်းမှာလုပ်ပြတဲ့စွမ်းဆောင်ရည်မျိုးကို လုပ်ပြနေတာပါ။
သူက အသင်းအတွက် အရမ်းကောင်းတဲ့ပေါင်းထည့်မှုပါ။ ကျွန်တော်တို့ ပြိုင်ဆိုင်မှုလိုအပ်ပါတယ်။ အသင်းမှာ ဒီလိုကောင်လေးတွေလိုအပ်ပါတယ်။ ဆားဘီးယားနဲ့ပွဲက ခက်ခဲမယ်ဆိုတာကျွန်တော်တို့သိပါတယ်။ 

ဒါပေမယ့် ထိပ်တန်းစွမ်းဆောင်ရည်ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ မိနစ်အနည်းငယ်မှာတင် ထိန်းချုပ်နိုင်ခဲ့ပြီး ဒီလိုညမျိုးလိုအပ်ပါတယ်။ ၅ ပွဲနိုင်ပြီး ပထမဆုံး ၄ ပွဲကလူတွေက ၆ ဂိုး ၊ ၇ ဂိုးလိုချင်နေပါတယ်။ အဲ့တာက ဘောလုံးအနောက်မှာ ၁၀ ယောက်လောက်ရှိနေတဲ့အချိန်ဆိုရင် ဘယ်တော့မှမလွယ်ပါဘူး။ ဒီနေ့ည စွမ်းဆောင်ရည်က ထိပ်တန်းအဆင့်ပါပဲ။ စိတ်ပိုင်းဆိုင်ရာ ၊ အာရုံစိုက်မှုကလည်း မှန်ကန်ခဲ့ပါတယ်”လို့ ရိုက်စ်က ပြောကြားခဲ့ပါတယ်။

တူချယ်က အန်ဒါဆန်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး လာမယ့်အောက်တိုဘာနိုင်ငံတကာရက်သတ္တပတ်မှာလည်း ခေါ်ယူဖွယ်ရှိနေပါတယ်။ “အန်ဒါဆန်က အခုနေရာနဲ့ ထိုက်တန်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကလပ်အသင်းမှာကော ယူ - ၂၁ အသင်းမှာပါ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပါတယ်။ ကျွန်တော် သူ့ရဲ့ယူ - ၂၁ ဖိုင်နယ်က စွမ်းဆောင်ရည်ကိုမြင်ချိန်မှာ သူက နံပတ် ၆ နေရာမှာကစားနိုင်တယ်လို့ စိတ်ကူးရခဲ့ပါတယ်။

လေ့ကျင့်ခန်းအစီအစဉ်မှာလည်း အားလုံးနည်းတူ သူကစွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပါတယ်။ ပွဲစဉ် ၂ ပွဲစလုံးမှာလည်း သူကစွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပါတယ်။ အခုတော့ အဲ့တာကိုဆက်ထိန်းရမှာဖြစ်ပြီး သူ့ကိုလွတ်လွတ်လပ်လပ်ကစားခွင့်ပေးဖို့လိုအပ်ပါတယ်။ သူက အရမ်းကောင်းတဲ့ကစားသမားဖြစ်သလို လေ့ကျင့်ခန်းအစီအစဉ်မှာလည်း အရမ်းကောင်းတဲ့အသင်းဖော်ဖြစ်ခဲ့ပါတယ်”လို့ တူချယ်က သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။