The network connection is lost.

Banner Image

မန်စီးတီးအသင်းကို စွန့်ခွာသွားပြီဖြစ်တဲ့ ဘောလုံးဒါရိုက်တာဘီဂီရီစတိန်း

မန်စီးတီးအသင်းက ၁၃ နှစ်ကြာလက်တွဲခဲ့တဲ့ ဘောလုံးဒါရိုက်တာဘီဂီရီစတိန်းနဲ့ လမ်းခွဲလိုက်ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း အသင်းမှထွက်ခွာဖို့ ပြင်ဆင်နေပြီလို့ ဘီဂီရီစတိန်းက လူသိရှင်ကြားကြေညာခဲ့ပြီးနောက် စပို့တင်းလစ္စဘွန်းရဲ့အားကစားဆိုင်ရာအကြီးအကဲ ဟူဂိုဗီယာနာက သူ့ရဲ့နေရာမှာဆက်ခံဖို့ အသင့်ရှိနေခဲ့ပါတယ်။ ဘီဂီရီစတိန်းက ၂၀၁၂ ခုနှစ်မှာ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့ပေမယ့် အခုထွက်ခွာသွားပြီဖြစ်လို့ ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းအနေဖြင့် ခေတ်သစ်တစ်ခုကို စတင်သွားရန် ပြင်ဆင်နေခဲ့ပြီဖြစ်ပါတယ်။

ဘီဂီရီစတိန်းရှိနေခဲ့တဲ့ ၁၃ နှစ်တာကာလအတွင်း မန်စီးတီးက ပရီးမီးယားလိဂ်ဖလား ခုနစ်ကြိမ်၊ အက်ဖ်အေဖလား နှစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား တစ်ကြိမ်၊ ဥရောပစူပါဖလား တစ်ကြိမ်အပါအဝင် အဓိကဆုဖလား ၂၁ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုတော့ မန်စီးတီးဆီ ပက်ဂွါဒီယိုလာရောက်ရှိလာရေးအတွက် အဓိကအခန်းကဏ္ဍမှတဆင့် ပါဝင်ဆောင်ရွက်ခဲ့တဲ့ စပိန်ဘောလုံးသမားဟောင်းရဲ့နေရာမှာ ဟူဂိုဗီယာနာက တာဝန်ယူသွားပါလိမ့်မယ်။

ဆက်လက်ပြီး မန်စီးတီးက စက်တင်ဘာ ၁၄ ရက်၊ မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့် အိမ်ကွင်းဒါဘီပွဲစဉ်မှာ ဘီဂီရီစတိန်းကို အထူးဂုဏ်ပြုပေးဖို့ စီစဉ်ထားတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် သူတို့တွေက ဘီဂီရီစတိန်းကို မြင်တွေ့ဖူးသမျှ အကောင်းဆုံးဘောလုံးဒါရိုက်တာတွေအနက် တစ်ဦးဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။ တဖက်မှာလည်း City Studios က ဘီဂီရီစတိန်းအကြောင်း မှတ်တမ်းတင်ထားတဲ့  ‘A Farewell to Txiki’ အမည်ရှိမှတ်တမ်းရုပ်ရှင်ကို စက်တင်ဘာလအတွင်း ဖြန့်ချိပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။