The network connection is lost.

Banner Image

ယောကရက်စ်အနေနဲ့ စပို့တင်းထံကနေ အခုထက်ပိုတဲ့ လေးစားမှုရရှိသင့်တယ်လို့ ပြောကြားလိုက်တဲ့ အေးဂျင့်

ဗစ်တာယောကရက်စ် အေးဂျင့်က စပို့တင်းအား ဆွီဒင်တိုက်စစ်မှူး အာဆင်နယ် သို့ ပြောင်းရွှေ့ခဲ့သော အပြောင်းအရွှေ့ဖြစ်စဉ်တွင် တိုက်စစ်မှူးအား လေးစားမှု မပြခဲ့ကြောင်း စွပ်စွဲပြောဆိုလိုက်ပါတယ်။ ယောကရက်စ် အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့တဲ့ အပြောင်းအရွှေ့ဖြစ်စဉ် ပြီးဆုံးသွားပြီးနောက် ကစားသမားရဲ့ အေးဂျင့်များထဲမှ တစ်ဦးဖြစ်သူ ဂျိုနသန် ချောကီးယက်စ် က လစ္စဘွန်း တွင် ဖြစ်ပွားခဲ့သော အခြေအနေများရဲ့ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

ဆွီဒင်တိုက်စစ်မှူးအပေါ် ကလပ်ဟောင်းက ပြုမူဆက်ဆံခဲ့ပုံကို အေးဂျင့်က နားမလည်နိုင်ဖြစ်ခဲ့ပြီး အသင်းများစွာ စိတ်ဝင်စားနေသော်လည်း တိုက်စစ်မှူးက လန်ဒန်သို့ ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။ စပို့တင်းအသင်း ကစားသမားဟောင်းပ သူ့ဘဝတွင် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ မည်မျှအထိ ရှိခဲ့ကြောင်း၊ လွယ်ကူသော အခြေအနေမဟုတ်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။

တိုက်စစ်မှူးနှင့် စပို့တင်းဥက္ကဌ ဖရက်ဒရီကို ဗာရန်ဒက်စ်တို့အကြား အခြေအတင် စကားများပြီးနောက် အပြောင်းအရွှေ့မှာ အဆုံးသတ်နိုင်တော့မည် မဟုတ်ဟု စိုးရိမ်မှုများရှိခဲ့သဖြင့် ပြီးဆုံးတော့မည်မဟုတ်တဲ့ ဖြစ်စဉ်တစ်ခုလို ဖြစ်နေခဲ့ပါတယ်။ ရောကရက်စ်က လေ့ကျင့်ရေးဆင်းရန် ပျက်ကွက်ခဲ့သော်လည်း အေးဂျင့်ကမူ ဒါဟာ စပို့တင်းဘက်မှ စီစဉ်ထားသော အခြေအနေတစ်ခုဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ နောက်ဆုံးတွင် နှစ်ဦးနှစ်ဘက်လုံးက တောင်းဆိုမှုများကို ကျေနပ်ခဲ့ကြသော်လည်း ဆွီဒင်ကစားသမားအတွက်မူ လွယ်ကူခဲ့ခြင်းမရှိပါဘူး။ ချောကီးယက်စ်က လစ္စဘွန်းကလပ်အား သူ့ရဲ့ကစားသမားအား မကောင်းစွာ ပြုမူဆက်ဆံခဲ့ခြင်းအတွက် စွပ်စွဲခဲ့ပြီး ရောကရက်စ်က အာဆင်နယ်အတွက်သာ ကစားရန် သန္နိဋ္ဌာန်ချခဲ့ခြင်းအကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

WTV နှင့် ၎င်း၏ အင်တာဗျူးတွင် အေးဂျင့်က အပြောင်းအရွှေ့ဖြစ်စဉ်ကို ပြန်ပြောင်းပြောဆိုခဲ့ရာ "ဟူဂို ဗီယာနာ သာ စပို့တင်းမှာ ရှိနေသေးရင် အပြောင်းအရွှေ့က တစ်နာရီအတွင်း ပြီးသွားမှာပါ။ အရာအားလုံးက ရေးထားပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဥပဒေကြောင်းအရ တိုက်ပွဲဝင်ဖို့ အချိန်မရှိခဲ့ဘူး။ ဂိုးတွေ အများကြီးသွင်းပြီး ဆုဖလားသုံးခု ဆွတ်ခူးခဲ့တဲ့ ကစားသမားတစ်ဦးက လေးစားမှု ပိုမိုမခံထိုက်ဘူးဆိုတာ ကျွန်တော် နားမလည်နိုင်ပါဘူး"

"ဒီဟာ လက်ရှိနယ်ပယ်က လူတွေကို ယုံကြည်မှုအကြောင်းပါပဲ။ ကျွန်တော်တို့ ပေးဆပ်ခဲ့တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေက အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် အလှည့်အပြောင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့က သူ့ကို ရီးရဲလ်မက်ဒရစ်ကို ကမ်းလှမ်းခဲ့တယ် သူက ရီးရဲလ်မက်ဒရစ်နဲ့ ယူနိုက်တက် တို့နဲ့အတူ သတင်းထွက်ခဲ့တယ်။ ဒါပေမဲ့ ပထမဆုံးနေ့ကတည်းက အာဆင်နယ်နဲ့ ကတိကဝတ် ရှိခဲ့ပါတယ်" 

"ဗစ်တာဟာ ဟာဆန် စေတန်ကာယာ ရဲ့ ပရောဂျက်ကို အမြဲတမ်း ယုံကြည်ခဲ့ပါတယ်။ သူတို့က ပေါ်တူဂီလိုမျိုး ကစားသမားအများကြီး မသိသေးတဲ့ လိဂ်တစ်ခုကို သွားပြီး ဖလားတွေဆွတ်ခူးကာ ပရီးမီးယားလိဂ်ကို ပြန်သွားဖို့ သဘောတူခဲ့ကြပါတယ်" လို့ ချောကီးယက်စ်က ပြောပါတယ်။

ဘရိုက်တန်တိုက်စစ်မှူးဟောင်းက အာဆင်နယ်အတွက် ယူရို ၆၃.၅ သန်း (ပေါင် ၅၅ သန်း ၊ ဒေါ်လာ ၇၄ သန်း) နှင့် စွမ်းဆောင်ရည်နှင့်သက်ဆိုင်သော အပိုဆုကြေး ယူရို ၁၀ သန်း (ပေါင် ၉ သန်း ၊ ဒေါ်လာ ၁၂ သန်း) အထိ ပေးချေမယ့် သဘောတူညီမှုဖြင့် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။