ရှေ့သို့
Image

ဝက်ဖို့ဒ်ကိုအနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြိုင်ဘက်တွေကိုသတိပေးလိုက်တဲ့ ဘာနန်ဒိုဆေးလ်ဗား

12:19 AM, 22 September

မန်စီးတီးကွင်းလယ်ကစားသမား ဘာနန်ဒိုဆေးလ်ဗားကတော့ ၀က်ဖို့ဒ်အသင်းကို ၈ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ သူတို့အသင်းဟာ နောက်ထပ်ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်အသင့်ဖြစ်နေသေးတယ်လို့ ပြောကြားလိုက်ပါတယ်။


“၈-၀ ဆိုတဲ့ရလဒ်က တော်တော်လေးကောင်းတဲ့စွမ်းဆောင်ရည်တစ်ခုပါ။ ကျွန်တော်တို့ ပွဲကိုအကောင်းဆုံးစတင်နိုင်ခဲ့ပြီး ၂၅ မိနစ်အတွင်းမှာပဲ ၅ ဂိုးသွင်းထားနိုင်ခဲ့ပါတယ်”လို့ သူက စကိုင်းစပေါ့ကိုပြောပါတယ်။


“အသင်းလိုက်စွမ်းဆောင်ရည်ကောင်းကို မြင်တွေ့ခဲ့ရသလို နောဝစ်ခ်ျနဲ့ပွဲက လိဂ်အရှုံးကိုလည်း ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ ပြီးတော့ ဒီနေ့ပွဲမှာ ကျွန်တော် ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ်”လို့ ဘာနန်ဒိုဆေးလ်ဗားက ပြောပါတယ်။


အဲ့နောက်မှာတော့ ဘာနန်ဒိုက လီဗာပူးအပါအ၀င် အခြားပြိုင်ဘက်တွေကို သတိပေးစကားဆိုလိုက်ပါတယ်။


“ကျွန်တော်တို့အသင်းက ဘယ်လိုအသင်းမျိုးလဲဆိုတာ ပြီးခဲ့တဲ့ ၂ ရာသီက သက်သေပြပြီးသားပါ။ အခုလည်း ကျွန်တော်တို့ နောက်ထပ် ၁ကြိမ်သက်သေပြသွားအုံးမှာပါ။ အခုတော့ အသင်းပရိသတ်တွေအတွက် စိတ်ကျေနပ်စရာနိုင်ပွဲတစ်ပွဲကိုဖော်ဆောင်ပေးနိုင်ခဲ့အတွက် ပျော်ရွှင်မိပါတယ်”လို့ ပေါ်တူဂီသားက ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #ဘာနာဒို