ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလား အုပ်စု (A) နယ်သာလန် - အီကွေဒေါ ပွဲကြိုခန့်မှန်းချက် (ည ၁၀း၃၀)

3:10 PM, 25 November

ကွင်း - အယ်လ်ဂျနော့ဘ်ကွင်း

ဒဏ်ရာရပွဲပယ်အခြေအနေ
===============
နယ်သာလန် - မန်းပစ်ဒီပေး၊ ဒီရွန် (မသေချာ)။
အီကွေဒေါ - အန်နာဗလင်စီယာ (မသေချာ)။

နယ်သာလန်အသင်း အခြေအနေ
=============
နည်းပြ ဗန်းဟားလ်ရဲ့ နယ်သာလန်အသင်းက ကမ္ဘာ့ဖလားမတိုင်မီကတည်းက တောက်လျှောက်ပြင်ဆင်မှုတွေပြုလုပ်ကာ ရည်ရွယ်ချက်မြင့်မြင့်ထားနေတဲ့အသင်းပါ။ တိုက်စစ်မှာလည်း ဒီပေးပြန်ပါလာနိုင်လို့ ထိရောက်တဲ့ ကစားဟန်ကို မြင်တွေ့ရနိုင်ခြေရှိပါတယ်။

အီကွေဒေါအသင်း အခြေအနေ
==============
အီကွေဒေါအသင်းက အဓိကတိုက်စစ်မှုး အန်နာဗလင်စီယာ ဒဏ်ရာအကင်းမသေတာကြောင့် တိုက်စစ်ပိုင်း အနည်းငယ်အားနည်းနေနိုင်ပါတယ်။ အုပ်စုအဖွင့်ပွဲစဉ်မှာ အိမ်ရှင်ကာတာအသင်းကို ၀ - ၂ ရလဒ်နဲ့ အနိုင်ကစားထားပါတယ်။

ထူးခြားချက်များ
========
နယ်သာလန်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အနီးဆုံးကစားထားတဲ့ ပွဲစဉ် ၁၅ပွဲမှာ ၁၂ပွဲအထိ အနိုင်ကစားထားပါတယ်။

ခန့်မှန်းချက်
======
နယ်သာလန်အသင်းက နည်းပြ ဗန်ဟားလ်ရဲ့ ကိုင်တွယ်မှုနဲ့အတူ နောက်တန်းကစားပုံအတော်လေးကျစ်လစ်နေပြီး အနီးကပ် ဆုံး ၄ပွဲစလုံးကို ပေးဂိုးခွင့်ပြုမပေးရအောင် ကစားနိုင်ခဲ့ပါတယ်။ တစ်ဖက်မှ အီကွေဒေါအသင်းကလည်း အိမ်ရှင်ကာတာလိုအသင်းကို အုပ်စုအဖွင့်ပွဲစဉ်မှာ အနိုင်ကစားပြထားပါတယ်။

အီကွေဒေါအသင်းရဲ့ တိုက်စစ်မှုး ဗလင်စီယာ ကြံ့ခိုင်မှု အားနည်းနေချိန်မှာ နယ်သာလန်အသင်းမှာတော့ အဓိက တိုက်စစ်ကစားသမား မန်းပစ်ဒီပေး ပြန်လည်ပါဝင်လာမှာ ဖြစ်တာကြောင့် နယ်သာလန်အသင်း အနိုင်ရနိုင်ခြေ များပါတယ်။

နယ်သာလန် - အီကွေဒေါ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၂) ကြိမ်
---------------------------------------------------------
နယ်သာလန် ၁ - ၁ အီကွေဒေါ (၁၈-မေ-၂၀၁၄)
နယ်သာလန် ၁ - ၀ အီကွေဒေါ (၂-မတ်-၂၀၀၆)
.
နယ်သာလန် နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------------
ဆီနီဂေါ ၀ - ၂ နယ်သာလန် (၂၁-နိုဝင်ဘာ-၂၀၂၂)
နယ်သာလန် ၁ - ၀ ဘယ်လ်ဂျီယံ (၂၆-စက်တင်ဘာ-၂၀၂၂)
ပိုလန် ၀ - ၂ နယ်သာလန် (၂၃-စက်တင်ဘာ-၂၀၂၂)
နယ်သာလန် ၃ - ၂ ဝေးလ် (၁၅-ဇွန်-၂၀၂၂)
နယ်သာလန် ၂ - ၂ ပိုလန် (၁၂-ဇွန်-၂၀၂၂)
.
အီကွေဒေါ နောက်ဆုံး (၅) ပွဲရလဒ်
--------------------------------
ကာတာ ၀ - ၂ အီကွေဒေါ (၂၀-နိုဝင်ဘာ-၂၀၂၂)
အီကွေဒေါ ၀ - ၀ အီရတ် (၁၃-နိုဝင်ဘာ-၂၀၂၂)
ဂျပန် ၀ - ၀ အီကွေဒေါ (၂၇-စက်တင်ဘာ-၂၀၂၂)
ဆော်ဒီ ၀ - ၀ အီကွေဒေါ (၂၄-စက်တင်ဘာ-၂၀၂၂)
အီကွေဒေါ ၁ - ၀ ကိတ်ဗာဒီ (၁၂-ဇွန်-၂၀၂၂)

#ပွဲကြိုသုံးသပ်ချက် #နယ်သာလန် #၂၀၂၂ကမ္ဘာ့ဖလား #အီကွေဒေါ