ဒမ်ဖရီး၊ ဘလိုင်း တို့ရဲ့ ခြေစွမ်းပြမှုနဲ့အတူ အမေရိကန်ကိုအနိုင်ကစားကာ ကွာတားအဆင့်ကို အဦးဆုံးတက်သွားခဲ့တဲ့ နယ်သာလန်
11:28 PM, 3 December
နယ်သာလန် ၃ - ၁ အမေရိကန် (ပွဲပြီးရလဒ်)
မန်းပစ်ဒီပေး ၁၀မိနစ်
ဒါလေးဘလိုင်း ၄၅မိနစ်
ဟာဂျီဝရိုက် ၇၅မိနစ်
ဒမ်ဖရီး ၈၀မိနစ်
ပြင်ဆင်မှုကောင်းကောင်းနဲ့ ပွဲထွက်လာခဲ့တဲ့ နည်းပြ ဗန်းဟားလ်ရဲ့ နယ်သာလန်အသင်းအနေဖြင့် ပေးဂိုးခွင့်မပြုရရေးကိုသာ အသားပေးနေခဲ့ပြီး အမေရိကန်အသင်းက တောက်လျှောက်ဖိအားပေးကစားခဲ့ပေမဲ့ ဒမ်းဖရီးရဲ့ ဖန်တီးမှုကနေ ပွဲကစားချိန် ၁၀မိနစ်မှာ ဒီပေး၊ ၄၅ မိနစ်မှာ ဘလိုင်းတို့ သွင်းယူပေးခဲ့တဲ့ သွင်းဂိုးတွေနဲ့ နယ်သာလန်အသင်းကပဲ ပထမပိုင်းကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ အမေရိကန်အသင်းရဲ့ လူစားဝင်ကစာသမား ဟာဂျီဝရိုက်က ပူလီဆစ်ရဲ့ ဖန်တီးမှုကနေ ချေပဂိုးသွင်းယူပေးနိုင်ခဲ့ပေမဲ့ ၅မိနစ်အကြာမှာပဲ ပွဲစဉ်တစ်ခုလုံးရဲ့ အကောင်းဆုံးကစားသမားလို့ ဆိုရမယ့် ဒမ်ဖရီး က ဦးဆောင်ဂိုး ထပ်သွင်းခဲ့တာကြောင့် နယ်သာလန်သင်းကပဲ ၃ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ကစားကာ ကွာတားဖိုင်နယ်အဆင့်ကို စောစောစီးစီးတက်လှမ်းသွားနိုင်ခဲ့ပါတယ်။
#နယ်သာလန် #အမေရိကန်