ရှေ့သို့
Image

မန်စီးတီးတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို စောင့်ကြည့်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်း

11:03 AM, 8 July

တော့တင်ဟမ်အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် အဓိကပစ်မှတ်ဖြစ်ပါတယ်။
ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဟယ်ရီကိန်းကို မရခဲ့ပါက ဈေးကွက်ထဲတွင် အလားအလာရှိဆုံး တိုက်စစ်မှူးအဖြစ် မန်စီးတီးတိုက်စစ်မှူး ဟာလန်းရဲ့နောက်မှာ အရန်တိုက်စစ်မှူးအနေနဲ့ကစားနေတဲ့ အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်းသိရပါတယ်။

သို့သော် မန်စီးတီးအသင်းကလည်း အဆိုပါ အာဂျင်တီးနားတိုက်စစ်မှူးကို ဆက်ထိန်းထားချင်နေကြောင်းသိရပါတယ်။
ဟယ်ရီကိန်းအတွက် စာချုပ်တစ်ခုရဖို့ တော့တင်ဟမ်ဥက္ကဌ လီဗိုင်းနဲ့ ဆက်ဆံရတာက ဘိုင်ယန်မြူးနစ်နည်းပြ တူချယ်အနေနဲ့ လက်ရှိအချိန်အထိတော့ အကြောင်းတစ်စုံတစ်ရာထူးခြားခြင်းတော့မရှိသေးပါဘူး။

ဘိုင်ယန်မြူးနစ်သည် လာမည့်ရာသီတွင် အသင်းပြောင်းရွှေ့နိုင်ခြေရှိသော ၎င်းတို့၏နောက်ခံလူ မာဇရာဝီ ၏နေရာအတွက် မန်စီးတီးညာနောက်ခံလူ ဝေါ်ကာအား အစားထိုးရန် စောင့်ကြည့်နေပါတယ်။ ဟယ်ရီကိန်း အတွက် ပြိုင်ပွဲက အချည်းနှီးသာ ပြီးဆုံးသွားပါက ဘိုင်ယန်မြူးနစ်အသင်းဟာ မန်စီးတီးမှ အယ်ဗာရက်ဇ်အပြင် ဂျူဗင်တပ်စ်အသင်းမှာ ဗလာဟိုဗစ်နှင့် ချီယေဆာတို့ကို ထပ်မံချိတ်ဆက်ဖို့ စီစဉ်နေကြောင်းသိရပါတယ်။

#မန်စီးတီး #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် #အယ်လ်ဗာရက်