ရှေ့သို့
Image

အေဂျက်စတား အယ်လ်ဗာရက်ဇ်ကို ပေါင် ၃၂ သန်းနဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တဲ့ ဝက်စ်ဟမ်း

9:07 AM, 8 August

ဝက်စ်ဟမ်းအသင်းဟာ အေဂျက်ကွင်းလယ်လူ အက်ဒီဆင်အယ်လ်ဗာရက်ဇ်ကို ပေါင် ၃၂ သန်းနဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

မိုယက်စ်ရဲ့အသင်းဟာ အခုနွေရာသီမှာ ကစားသမားသစ် မခေါ်ယူရသေးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး အခုတော့ အယ်လ်ဗာရက်ဇ်ကို ပထမဆုံး ခေါ်ယူမှုလုပ်နိုင်တော့မှာဖြစ်ပါတယ်။ အဆိုပါအပြောင်းအရွှေ့ဟာ အာဆင်နယ်ထံ ဒီကလန်ရိုက်စ်ကို ပေါင် ၁၀၅ သန်းနဲ့ ရောင်းချခဲ့တာကြောင့် ပြောင်းရွှေ့ကြေးရရှိခဲ့တာဖြစ်ပါတယ်။

အေဂျက်ဘက်ကတော့ သူတို့စတားကို ပြန်လည်ခေါ်ယူခွင့် စာချုပ်ချုပ်ဆိုဖွယ်ရှိနေပါတယ်။ အယ်လ်ဗာရက်ဇ်ဟာ ကွင်းလယ်ခံစစ်ကစားသမားဖြစ်ပြီး ဝက်စ်ဟမ်းက ရိုက်စ်နေရာမှာ အစားထိုးသွားမှာဖြစ်ပါတယ်။ အသက် ၂၅ နှစ်သားဟာ သိပ်မကြာခင်မှာ လန်ဒန်ကိုလာပြီး ဆေးစစ်မှုခံယူမှာဖြစ်ပါတယ်။ ဝက်စ်ဟမ်းဟာ အခုနွေရာသီမှာ နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ လေဗာကူဆင် နည်းစနစ်ဒါရိုက်တာဟောင်း တင်မ်စတိုင်တန်ကို ခေါ်ယူထားခဲ့ပါတယ်။

ဝက်စ်ဟမ်းဟာ နောက်ထပ်ကစားသမားတွေဖြစ်တဲ့ မက်ဂွါရီ၊ တိုမီနေးလ်၊ ဝက်တ်ပရောက်စ်တို့ကိုလည်း ပစ်မှတ်ထားနေဆဲဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ တိုက်စစ်မှူး ဆကာမက်ကာကတော့ အတ္တလန္တာကို ပြောင်းဖို့ နီးစပ်နေပြီး ပေါင် ၂၂ သန်း + အပိုဆုကြေး ပေါင် ၄.၃ သန်းနဲ့ ပေးချေရဖွယ်ရှိနေပါတယ်။

#ဝက်စ်ဟမ်း #အပြောင်းအရွှေ့ #အေဂျက်စ် #အယ်လ်ဗာရက်