ရှေ့သို့
Image

ဒီကလန်ရိုက်စ် နေရာအတွက် အယ်လ်ဗာရက်ဇ်နဲ့ အစားထိုးခဲ့တဲ့ ဝက်စ်ဟမ်း

9:18 AM, 11 August

ဝက်စ်ဟမ်းအသင်းဟာ ဒီကလန်ရိုက်စ်နေရာအတွက် အယ်လ်ဗာရက်ဇ်ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

မက္ကဆီကိုသားဟာ အေဂျက်အသင်းထံကနေ ဝက်စ်ဟမ်းအသင်းထံ ပြောင်းလာခဲ့တာဖြစ်ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ကာ ဒီကလန်ရိုက်စ်နေရာမှာ အစားဝင်မှာဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ဒီကလန်ရိုက်စ်ကို ရောင်းချပြီးနောက် အလုပ်များလာခဲ့ပြီဖြစ်ကာ မက်ဂွါရီနဲ့ ဝက်ပရောက်စ်တို့ကိုလည်း ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။

အသက် ၂၅ နှစ်သားက “ကျွန်တောာ် အရမ်းပျော်ပါတယ်။ ဒီမှာရှိရတာကို အရမ်းဂုဏ်ယူမိပါတယ်။ လန်ဒန်နဲ့ လန်ဒန်အားကစားကွင်းက အရမ်းကောင်းပါတယ်။ ပရိသတ်တွေရှေ့မှာ ကစားနိုင်ဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ အဲ့တာက ကျွန်တော့်ကစားသမားဘဝအတွက် ကြီးမားတဲ့အခိုက်အတန့်ပါ။ ဝက်စ်ဟမ်းလိုအသင်းမျိုးကို ပြောင်းရတာက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုရဲ့အိပ်မက်ပါ။ ပရီးမီးယားလိဂ်က တကယ်ကောင်းတဲ့လိဂ်ပါ။ ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ်ဖြစ်ပြီး ကျွန်တော့်ကစားဟန်နဲ့ အံဝင်လိမ့်မယ်လို့ ထင်ပါတယ်။ ဝက်စ်ဟမ်းနဲ့ ဝက်စ်ဟမ်းမိသားစုအတွက် ကျွန်တော် တာဝန်ယူသွားမှာပါ။ ဒီအင်္ကျ ီအတွက်လည်း အရာအားလုံး လုပ်ဆောင်သွားမှာပါ”လို့ အယ်လ်ဗာရက်ဇ်က ပြောကြားခဲ့ပါတယ်။

အယ်လ်ဗာရက်ဇ်ဟာ အခုနွေရာသီမှာ မက္ကဆီကိုအသင်းနဲ့အတူ ကွန်ကာကက်ဖ်ရွှေဖလားကို ၂ ကြိမ်မြောက်ရယူနိုင်ခဲ့ကာ အေဂျက်နဲ့အတူ ၅ နှစ်တာ ကာလအတွင်းမှာတော့ လိဂ်ဖလား ၂ ကြိမ်ရယူနိုင်ခဲ့ပါတယ်။

“ကျွန်တော်တို့ သူ့ကိုအသင်းထံ ခေါ်ယူနိုင်ခဲ့လို့ အရမ်းကျေနပ်မိပါတယ်။ ဒီနွေရာသီမှာ အသင်းရဲ့ကွင်းလယ်ကို အားဖြည့်နိုင်ဖို့က အရေးကြီးပါတယ်။ အက်ဒီဆင်က အခြားနေရာတွေအတွက်လည်း အဆင်ပြေနိုင်ပါတယ်။ သူကနိုင်ငံတကာအတွေ့အကြုံပြည့်ဝတဲ့ ကစားသမားပါ။ နိုင်ငံအသင်းမှာကော ကလပ်အသင်းမှာပါ အောင်မြင်မှုရယူနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းမှာ သူကစားတာကိုမြင်ရဖို့ စိတ်လှုပ်ရှားနေပါပြီ”လို့ မိုယက်စ်က ပြောကြားခဲ့ပါတယ်။

ဝက်စ်ဟမ်းဟာ လာမယ့် ၂၄ နာရီမှာ ဝက်ပရောက်စ်ကို ပေါင်သန်း ၃၀နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ ဝက်စ်ဟမ်းစတား ပါကွေတာကို မန်စီးတီးကလည်း စိတ်ဝင်စားနေပြီး ပေါင် ၈၅ သန်းတန် စာချုပ်ဖျက်သိမ်းကြေးရှိနေတာ ဖြစ်ပါတယ်။

စီးတီးကတော့ အခုအပြောင်းအရွှေ့မှာပဲ ပါကွောတာကို ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေပြီး ပယ်လ်မာကို အသုံးချပြီး စည်းရုံးဖွယ်ရှိနေပါတယ်။

#ဝက်စ်ဟမ်း #အပြောင်းအရွှေ့ #ဒီကလန် ရိုက်စ် #အယ်လ်ဗာရက်