ရှေ့သို့
Image

နယူးကာဆယ်အသင်းနဲ့ ပွဲမှာ အနိုင်မရပေမဲ့ အပြုသဘောဆောင်ခဲ့ကြောင်း ဖွင့်ဟလိုက်တဲ့ ပူလီဆစ်

3:25 PM, 20 September

ချဲလ်ဆီးအသင်းတွင် ကြံ့ခိုင်မှုအခြေအနေကြောင့် ပုံမှန်ပွဲထွက်ကစားခွင့် မရထားတဲ့ ပူလီဆစ်အနေဖြင့် အေစီမီလန်အသင်းကို ပြောင်းရွှေ့ခဲ့အပြီးမှာ စီးရီးအေ ကလပ်အသင်းနဲ့အတူ ခြေစွမ်းပြကစားနိုင်နေခဲ့ပြီး နယူးကာဆယ် အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်တွင် မီလန်ကလပ်ရဲ့ ကစားပုံက အပြုသဘောဆောင်ခဲ့ကြောင်း ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။

အေစီမီလန်အသင်းက ရာသီကြိုအပြောင်းအရွှေ့အတွင်း ခေါ်ယူရန် အတွက် ပစ်မှတ်ကစားသမားစာရင်းတွင် ခရစ်ရှန်ပူလီဆစ်ပါဝင်နေတဲ့ အကြောင်းကို နာမည်ကျော် သတင်းထောက်တစ်ဦးဖြစ်တဲ့ မက်တီယိုမော်ရီတိုက စောစီးစွာဖော်ပြထားခဲ့သလို မီလန်ကလပ်အသင်းနေဖြင့် အမှန်တကယ် ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအတွင် ရောက်ခါစဘောလုံးရာသီတွင် ခြေစွမ်းပိုင်း အထိုက်အလျာက် ကောင်းမွန်ခဲ့ပေမဲ့ နည်းပြ အပြောင်းအလဲတွေနဲ့အတူ နေရာပျောက်လာတဲ့ ပူလီဆစ်အနေဖြင့် စာချူပ်သက်တမ်းက ၁နှစ်သာ ကျန်နေချိန်မှာ စီးရီးအေကလပ်ကို ပြောင်းရွှေ့ကစားခဲ့တာလည်း ဖြစ်ပါတယ်။ ပူလီဆစ်အနေဖြင့် အေစီမီလန်အသင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး စီးရီးအေပွဲစဉ် ၄ပွဲကစားပြီးချိန်တွင် သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်နဲ့ ပက်သက်လို့ ပူလီဆစ်က “ဒီနေ့ပွဲစဉ်အတွင်းမှာ အခွင့်အရေးကောင်းတွေအများကြီး ဖော်ဆောင်နိုင်ခဲ့တာကြောင့် စိတ်ကျေနပ်စရာပါ။ ဒါပေမဲ့ အနိုင်တော့ မရခဲ့ပါဘူး။ ဘောလုံးလောကမှာ ပွဲစဉ်တစ်ပွဲကို အရေးနိမ့်သွားပြီဆိုရင်တောင်မှ ဒီပွဲစဉ်ရဲ့ အမှားတွေကို ရှာဖွေပြီး လာမယ့် ပွဲစဉ်တွေမှာ ပိုကောင်းလာဖို့ ကြိုးစားရတာပါ။ ဒီနေ့ပွဲမှာ အနိုင်ရဘူးဆိုပေမဲ့ ကျွန်တော်တို့အသင်းရဲ့ ကစားပုံက အပြုသဘောဆောင်ခဲ့ပါတယ်။ ပိုကောင်းတဲ့အသင်းတစ်သင်းအဖြစ် ဆက်ပြီး သက်သေပြကြတာပေါ့” လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #နယူးကာဆယ် #အေစီမီလန် #ပူလီဆစ် #ပရီးမီးယားလိဂ်