ရှေ့သို့
Image

ကပ္ပတိန်အမေရိကရဲ့ အိမ်ပြန်ခရီးမှာ သရေ ၁ မှတ်နဲ့သာ ကျေနပ်ခဲ့ရတဲ့ အေစီမီလန်

10:31 AM, 5 October

ချဲလ်ဆီးအသင်းတွင် ကြံ့ခိုင်မှုအခြေအနေကြောင့် ပုံမှန်ပွဲထွက်ကစားခွင့် မရထားတဲ့ ပူလီဆစ်အနေဖြင့် အေစီမီလန်အသင်းကို ပြောင်းရွှေ့ခဲ့အပြီးမှာ စီးရီးအေ ကလပ်အသင်းနဲ့အတူ ခြေစွမ်းပြကစားနိုင်နေခဲ့ပြီး ထိပ်တန်းကစားသမားဘဝစတင်ရာ ဒေါ့မွန်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်တွင် မီလန်ကလပ်နဲ့အတူ ကစားပုံ ကောင်းမွန်ခဲ့ပေမဲ့ သရေတစ်မှတ်နဲ့သာ ကျေနပ်လိုက်ရတာပဲ ဖြစ်ပါတယ်။

ဂျာမန်မြေတွင် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အဆိုပါ ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်တွင် ပူလီဆစ်ရဲ့ အေစီမီလန်အသင်းက ပွဲကစားချိန်အတော်များများကို အသာစီးရယူကာ အခွင့်အရေးတွေ ဆက်တိုက် ဖန်တီးနိုင်ခဲ့ပေမဲ့ လိုအပ်နေတဲ့ ဦးဆောင်ဂိုးမရခဲ့တာကြောင့် သရေရလဒ်နဲ့သာ လှည့်ပြန်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အေစီမီလန်အသင်းက ရာသီကြိုအပြောင်းအရွှေ့အတွင်း ခေါ်ယူရန် အတွက် ပစ်မှတ်ကစားသမား စာရင်းတွင် ခရစ်ရှန်ပူလီဆစ် ပါဝင်နေတဲ့ အကြောင်းကို နာမည်ကျော် သတင်းထောက်တစ်ဦးဖြစ်တဲ့ မက်တီယိုမော်ရီတိုက စောစီးစွာဖော်ပြထားခဲ့သလို မီလန်ကလပ်အသင်းနေဖြင့် အမှန်တကယ် ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအတွင် ရောက်ခါစဘောလုံးရာသီတွင် ခြေစွမ်းပိုင်း အထိုက်အလျာက် ကောင်းမွန်ခဲ့ပေမဲ့ နည်းပြ အပြောင်းအလဲတွေနဲ့အတူ နေရာပျောက်လာတဲ့ ပူလီဆစ်အနေဖြင့် စာချူပ်သက်တမ်းက ၁နှစ်သာ ကျန်နေချိန်မှာ စီးရီးအေကလပ်ကို ပြောင်းရွှေ့ကစားခဲ့တာလည်း ဖြစ်ပါတယ်။ ပူလီဆစ်အနေဖြင့် အေစီမီလန် အသင်းတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး စီးရီးအေပွဲစဉ် ၇ပွဲ ကစားပြီးချိန်တွင် သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းနဲ့ ကစားတဲ့ ပွဲစဉ်မှာ ရမှတ်ခွဲယူခဲ့ရတာကြောင့် အုပ်စုကို ဦးဆောင်နိုင်ရန် နိုင်ပွဲရရန် လိုအပ်လာပြီး အနီးကပ်ဆုံးပွဲစဉ်တွေအဖြစ် အေစီမီလန်အသင်းက ဂျီနိုအာ အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်သလို ဒေါ့မွန်အသင်းက ယူနီယံဘာလင် အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ပါတယ်။

#အေစီမီလန် #ဒေါ့မွန် #ပူလီဆစ် #ချန်ပီယံလိဂ်