ရှေ့သို့
Image

ကွန်ဒီဟာ ဒူးဒဏ်ရာကြောင့် ၅ပတ်ကြာ အနားယူမှာဖြစ်တယ်လို့ အတည်ပြုလိုက်တဲ့ ဘာစီလိုနာ

10:11 AM, 10 October

ပြင်သစ်သားဟာ တနင်္ဂနွေနေ့က ဂရန်နာဒါနှင့် သရေကျတဲ့ပွဲမှာ လူစားလဲခံခဲ့ရပြီးနောက် ကွန်ဒီရဲ့ ကြံ့ခိုင်မှုဆိုင်ရာ နောက်ဆုံးသတင်းကို ဘာစီလိုနာက ထုတ်ပြန်လိုက်ပါတယ်။ ကွန်ဒီဟာ ဒူးဒဏ်ရာ ရရှိပြီးနောက် ပထမပိုင်းတွင် လူစားလဲခဲ့ရပြီး ဘာစီလိုနာ အသင်းကမူ နောက်တန်းကစားသမားရဲ့ အနားယူမှုကို အတည်ပြုခဲ့ပါတယ်။

"တနင်္လာနေ့ နံနက်မှာ ဆေးစစ်ခဲ့တဲ့ ရလဒ်တွေအရ ကွန်ဒီရဲ့ညာဘက်ဒူးက နောက်ပိုင်းအရွတ်မှာ ဒဏ်ရာ ရရှိသွားတာဖြစ်ပြီး ပြင်သစ်နောက်ခံလူဟာ ဒဏ်ရာ သက်သာတဲ့အထိ အနားယူရမယ်လို့ သိရပါတယ်။ ဒါက နိုင်ငံတကာပွဲစဉ်များ ကစားရမယ့်အချိန်မှာ သူ့နိုင်ငံအတွက် ကစားပေးဖို့ လွဲချော်သွားမှာပါ" လို့ ဘာစီလိုနာက ထုတ်ပြန်ကြေညာထားပါတယ်။

ကွန်ဒီဟာ ရာသီအစမှာ ကောင်းမွန်စွာ စတင်ကစားနိုင်ခဲ့တာဖြစ်ပြီး ကတ်တလန်ဘီလူးကြီးတွေအတွက် ဒဏ်ရာရရှိသွားတဲ့ အဓိက ကစားသမားတွေထဲက တစ်ဦးဖြစ်သွားတာကြောင့် ဒီသတင်းဟာ ဘာစီလိုနာအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာမှာပါ။ အစောပိုင်းသတင်းတွေအရတော့ သူဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကစားမယ့် အယ်လ်ကလက်စီကို ပွဲစဉ်ကို လွဲချော်နိုင်ပြီး ရက်သတ္တပတ် ၅ ပတ်ခန့် အနားယူရဖွယ်ရှိတယ်လို့ သိရပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဂရန်နာဒါ #ကွန်ဒီ