ရှေ့သို့
Image

ဂရန်နာဒါနဲ့ ပွဲစဉ်အတွင်း ရထားတဲ့ ဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတဲ့ ကွန်ဒီ

3:35 PM, 10 October

လာလီဂါပွဲစဉ် (၈) အဖြစ် ဂရန်နာဒါအသင်းနဲ့ ဘာစီလိုနာ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် ဂရန်နာဒါအသင်းက ဦးဆောင်ခွင့်ရခဲ့ပေမဲ့ ဘာစီလိုနာအသင်းက ချေပဂိုးတွေ လိုက်သွင်းကာ သရတစ်မှတ် ရယူနိုင်ခဲ့ပြီး ပွဲစဉ်အတွင်းမှာ နည်းပြ ဇာဗီအတွက် အားထားရတဲ့ ကွန်ဒီက ဒဏ်ရာရခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကစားရမယ့် ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။

ဂရန်နာဒါအသင်းက ဦးဆောင်နေချိန်မှာ ဘာစီလိုနာကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပိုင်းက သိသိသာသာ အချိတ်အဆက်မိလာခဲ့ပြီး လာလီဂါ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး သွင်းဂိုးရှင် ယာမယ်လ်ရဲ့ သွင်းဂိုးအပါအဝင် လိုအပ်နေတဲ့ ချေပဂိုးတွေကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကတ္တလန်အခြေစိုက်ကလပ်အနေဖြင့် ပြိုင်ဘက်အသင်းရဲ့ ဦးဆောင်ခြင်းခံထားရာမှ သရေတစ်မှတ် ရယူနိုင်ခဲ့ပေမဲ့ အဓိက နောက်တန်းကစားသမား ကွန်ဒီ ဒဏ်ရာ ရသွားခဲ့တာကြောင့် အထိနာခဲ့တာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဒဏ်ရာရကစားသမားစာရင်းတွင် အဓိက ကစားသမားတွေဖြစ်တဲ့ လီဝန်ဒေါစကီး၊ ဖရန်ကီဒီဂျောင်၊ ပက်ဒရီ၊ ရာဖင်ဟာတို့ ပါဝင်နေတဲ့ အပြင် ကွန်ဒီပါ ဒဏ်ရာထပ်မံရသွားခဲ့တာကြောင့် အဓိက ပြိုင်ဘက် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ပွဲစဉ်တွင် ကစားရခက်ခဲနိုင်တာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ လာမယ့် ပွဲစဉ်အချို့တွင် လွဲချော်သွားမယ့် ကွန်ဒီအနေဖြင့် နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်ကစားမယ့် ပြင်သစ်လက်ရွေးစင်အသင်းရဲ့ လူစာရင်းကနေပါ နှုတ်ထွက်ခဲ့တာဖြစ်ပြီး နည်းပြ ဒက်စ်ချမ့်အနေဖြင့် ချဲလ်ဆီးကစားသမား ဂက်စ်တိုနဲ့ အစားထိုးခဲ့တာလည်း ဖြစ်ပါတယ်။

ကွန်ဒီရဲ့ ဒဏ်ရာအခြေနေနဲ့ ပက်သက်လို့ ဘာစီလိုနာအသင်းကလည်း“ဒူးဒဏ်ရာ ရနေတဲ့ ကွန်ဒီအနေဖြင့် ဆေးကုသမှုပြုလုပ်ရန် အချိန်အတိုင်းအတာတစ်ခုအကြာ အနားယူရသွားမှာပါ” လို့ကြေငြာချက်ထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ် #ဂရန်နာဒါ #ကွန်ဒီ