ရှေ့သို့
Image

အမှားသေးသေးလေးတွေကနေ သင်ခန်းစာယူရမယ်လို့ ပူလီဆစ် ထုတ်ဖော်ပြောကြား

10:13 AM, 15 October

အမေရိကန်အသင်းစတား ပူလီဆစ်က မိမိတို့လူငယ်အသင်းအနေနဲ့ ဂျာမနီအသင်းနဲ့ပွဲကရလဒ်ကို သင်ခန်းစာအနေနဲ့ယူရမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စနေနေ့က ဂျာမနီအသင်းကို ခြေစမ်းပွဲမှာ ၃-၁ နဲ့  အရေးနိမ့်ခဲ့ပြီးနောက် ပွဲအပြီးမှာ ပူလီဆစ်က လူငယ်အသင်းတစ်သင်းအနေနဲ့ အခုပွဲကနေ သင်ခန်းစာယူရမယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။


ပွဲထွက် ၁၁ ယောက်မှာ အသက် ၂၄ နှစ်သာ ပျမ်းမျှရှိနေတာဖြစ်ပြီး အမေရိကန်အသင်းက ဂျာမနီအသင်းရဲ့လွှမ်းမိုးခြင်းကို ဒုတိယပိုင်း ၄၅ မိနစ်မှာ ခံခဲ့ရတာဖြစ်ပါတယ်။ “မှန်ပါတယ်။ အဲ့တာက နာကျင်စရာပါ။ ကျွန်တော်ဆိုလိုတာက ကျွန်တော်တို့ပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ပေမယ့် အခိုက်အတန့်တော်တော်များများက ကျွန်တော်တို့ကို နာကျင်စေပါတယ်။"


"ဒါပေမယ့် မင်းသိတဲ့အတိုင်း အမှားသေးသေးလေးတွေကနေ အခုလိုဖြစ်တတ်တယ်ဆိုတာ သင်ခန်းစာယူဖို့ လိုပါတယ်။ ကျွန်တော်တို့ ပိုကောင်းနိုင်ပါသေးတယ်။ ဂျာမနီအသင်းကိုတော့ မှတ်ချက်ပေးရမှာပါ။ သူတို့မှာ ထိပ်တန်းကစားသမားတွေရှိနေပါတယ်။ သူတို့က ပွဲကိုအသန်မာဆုံးကစားခဲ့သလို ကျွန်တော်တို့ ဒီလိုပွဲမျိုးမှာ အနိုင်ကန်နိုင်ဖို့ နည်းလမ်းရှာသင့်ပါတယ်။"


"မှန်ပါတယ်။ တကယ်ကောင်းတဲ့ဂိုးပါ။ လူကျွံဘောဖြစ်လားဆိုတာ ကျွန်တော်မသိပါဘူး။ ဒီနေ့မှာ ခေါ်ဆိုမှုတွေရှိခဲ့တယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာ ဂိုးသွင်းရတာ တကယ်ကောင်းပါတယ်။ ဒါပေမယ့် အဲ့တာကအများကြီး အဓိပ္ပာယ်မရှိပါဘူး။ ဒီလိုပွဲမျိုးတွေကို အနိုင်ကန်ချင်တာကြောင့်ပါ”လို့ ပူလီဆစ်က ပြောကြားခဲ့ပါတယ်။


ဂါနာနဲ့ပွဲမတိုင်ခင် ပူလီဆစ်က နိုင်ပွဲတစ်ပွဲရယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ “ကျွန်တော်တို့ ကောင်းမွန်တဲ့အရာတွေလုပ်နိုင်ခဲ့ပါတယ်။ အပေါင်းလက္ခဏာဆောင်တာတွေရှိပါတယ်။ ကျွန်တော်အပေါ်ကပြောသလို အမှားသေးသေးလေးတွေကနေ သင်ခန်းစာယူဖို့ လိုအပ်ပါတယ်။ ဂါနာနဲ့ပွဲမှာ အခွင့်အရေးရှိနေပါတယ်။ အဲ့ပွဲမှာ အပြောင်းအလဲလုပ်နိုင်ဖို့ လိုအပ်ပါတယ်”လို့ ပူလီဆစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ အမေရိကန်အသင်းဟာ လာမယ့်အင်္ဂါနေ့မှာ ဂါနာအသင်းနဲ့ ခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။

#ဂျာမနီ #ပူလီဆစ် #အမေရိကန်