ရှေ့သို့
Image

အေစီမီလန်ရှိ ပြဿနာတွေရဲ့ တစ်စိတ်တစ်ပိုင်းမှာ ပူလီဆစ်နှင့် မူဆာတို့ ပါဝင်နေပါတယ်လို့ ပြောကြားလိုက်တဲ့ ဆက်ချီ

10:35 AM, 7 November

အသင်းမှာ နိုင်ငံခြားသား ကစားသမားတွေ အလွန်များပြားနေပါတယ်လို့ ဆိုလိုက်ကာ ပူလီဆစ်နှင့် မူဆာတို့ဟာ အေစီမီလန်ရှိ ပြဿနာတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အာရီဂိုဆက်ချီက ပြောကြားလိုက်ပါတယ်။

အမေရိကန်ကစားသမားတွေဟာ ချဲလ်ဆီးနှင့် ဗလန်စီယာတို့မှ နွေရာသီတွင် ပြောင်းရွှေ့လာခဲ့ပြီးနောက် ဆန်စီရိုရှိ စတင်မှုတွင် ကောင်းကောင်းလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ စီးရီအေတွင် ပူလီဆစ်က ဂိုးများ သွင်းယူထားသလို ဖန်တီးမှုများပါပြုလုပ်ပေးထားပြီး မူဆာကတော့ ကွင်းလယ်တွင် သူ့ရဲ့ကြိုးစားအားထုတ်မှုများကြောင့် အားကစားဝေဖန်သူများရဲ့ ချီးကျူးခြင်းကိုခံနေရတာဖြစ်ပါတယ်။

အေစီမီလန်ဟာ ပြီးခဲ့တဲ့ ပွဲစဉ် ၄ ပွဲမှာ နိုင်ပွဲမရရှိခဲ့တာကြောင့် မြို့ခံပြိုင်ဘက် အင်တာနှင့် ၆ မှတ်အထိ ကွာဟသွားခဲ့ကာ ချန်ပီယံလိဂ်မှာလည်း အုပ်စုရဲ့ အောက်ခြေမှာ ရပ်တည်နေတာဖြစ်ပါတယ်။ အခုတော့ နည်းပြ ပီအိုလီအနေနဲ့ ဖိအားတွေအောက်သို့ ရောက်ရှိနေပြီး အူဒီးနီးစ်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကိုပါခံခဲ့ရတာဖြစ်ပါတယ်။

ဂန္တဝင်နည်းပြဟောင်းကြီးဖြစ်တဲ့ ဆက်ချီက မီလန်ရှိပြဿနာများနှင့် ပတ်သက်ပြီး Gazzetta dello Sport သို့ပြောကြားခဲ့ပါတယ်။ "ဒါဟာ နည်းပြပီအိုလီရဲ့အမှားလို့ တစ်စုံတစ်ယောက်က ထင်နေတာလား။ ကျွန်တော်ကတော့ အဲ့ဒီလို မမျှော်လင့်မိပါဘူး။ အစကတည်းက အကြီးမားဆုံး အမှားကိုလုပ်ခဲ့တာလို့ ထင်ပါတယ်။ အဲဒီ့မှာ ပြဿနာတွေအားလုံး စတင်ခဲ့တာပါ။ ပြည်ပက ကစားသမားတွေ အရမ်းများနေတာပါ။ နိုင်ငံခြားကလာတဲ့သူတွေက ကျွန်တော်တို့လိဂ်နဲ့ အသင်းရဲ့နည်းလမ်းတွေကို နားလည်ဖို့ အချိန်ယူရပါတယ်။ သူတို့တွေက စိတ်ရှုပ်နေပုံရပြီး ရလဒ်ကတော့ မီလန်ဟာ အရင်ကအသင်းနဲ့တူတာမဟုတ်ဘူး။ စွမ်းဆောင်ရည်က ဆိုးရွားလွန်းတာကြောင့် လှောင်မှုတွေက တရားမျှတတယ်လို့ ထင်ပါတယ်" လို့ ဆက်ချီက ပြောပါတယ်။

ပူလီဆစ်နှင့် မူဆာတို့ကို ပွဲရဲ့အရှိန်ကိုမြှင့်တင်ဖို့အတွက် အသင်း အတွင်း ခေါင်းဆောင်မှု လိုအပ်နေပါတယ်လို့ ပီအိုလီအား ဆက်ချီက ပြောထားပါတယ်။

#စီးရီးအေ #အေစီမီလန် #ပူလီဆစ် #မူဆာ