ရှေ့သို့
Image

၂၀၁၉ ခုနှစ်တုန်းက မန်စီးတီးကနေ ထွက်ခွာမယ်လို့ ခြိမ်းခြောက်ခဲ့ဖူးတဲ့ ကန်ဆယ်လို

1:42 PM, 1 December

ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းနေထွက်ခွာဖို့ ဂွါဒီယိုလာရဲ့ ပြောကြားခြင်းကို မခံရမီ မန်စီးတီးရှိ ကန်ဆယ်လိုရဲ့ ကစားသမားဘဝက ကောင်းမွန်ခဲ့ခြင်းမရှိခဲ့ပါဘူး။

'Pep's City: The Making of A Superteam' စာအုပ်ရဲ့ ပြန်လည်ပြင်ဆင်ထားတဲ့ ဗားရှင်းမှာ စာရေးဆရာတွေက ပေါ်တူဂီနောက်ခံလူနှင့် မန်စီးတီးနည်းပြတို့ရဲ့ အဆင်မပြေမှုများကို ဖော်ပြခဲ့ပါတယ်။ ဝေါ်ကာထံသို့ ပွဲထွက်ခွင့်ပေးလိုက်ရပြီးနောက် ၂၀၁၉ ခုနှစ်မှာ ကန်ဆယ်လိုက ကလပ်ကနေ ထွက်ခွာမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ စာအုပ်မှာ ဖော်ပြထားခဲ့ပါတယ်။

၂၀၂၀ခုနှစ်တွင်ကူးစက်ရောဂါဖြစ်ပွားတဲ့အခါ လက်ထောက်နည်းပြဖြစ်တဲ့ လီလိုက ကန်ဆယ်လိုအတွက် အသင်းမှာနေရာရရှိနေရနှင့် ကြိုးစားကစားဖို့အတွက် စည်းရုံးလုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ကစားသမား အများအပြားက ဒဏ်ရာကြောင့် နားနေရတာဖြစ်ပြီး လီလိုရဲ့ တိုက်တွန်းမှုကြောင့် ကန်ဆယ်လိုကို အသင်းရဲ့ဘယ်နောက်တန်းမှာ အသုံးပြုဖို့ သဘောတူညီခဲ့ပါတယ်။ ဒါဟာ အောင်မြင်မှုရှိခဲ့ပြီး ကန်ဆယ်လိုဟာ သူ့ရဲ့နေရာတွင် နှစ်ရာသီအထိ ခြေစွမ်းပြသနိုင်ခဲ့ကာ ဥရောပရှိအကောင်းဆုံး ခံစစ်ကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။

၂၀၂၂ ခုနှစ်တွင် ကန်ဆယ်လိုရဲ့ပုံစံက အကောင်းဆုံးပုံစံမှာရှိခဲ့သော်လည်း ဂွါဒီယိုလာနှင့် ဆက်ဆံရေးက ပြန်လည်ဆိုးရွားလာခဲ့ပါတယ်။ အာဆင်နယ်နဲ့ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲမှာ ကန်ဆယ်လိုကို ချန်လှပ်ထားချိန်မှာတော့ ဆက်ဆံရေး လုံးဝကိုဆိုးရွားသွားခဲ့ပါတယ်။

ဆိုရီယာနိုနှင့် ဘီဂီရီစတိန်သို့ ကတ္တလန်သားနည်းပြက "အသင်းကောင်းဖို့အတွက် ဆောင်းရာသီဈေးကွက်ပိတ်ချိန် ကန်ဆယ်လိုက အသင်းကနေ ထွက်ခွာပိုကောင်းပါတယ်" လို့ ပြောခဲ့ပါတယ်။

ဆိုရီယာနိုက စာရေးဆရာတွေထံသို့ "ဒါဟာ အသင်းတစ်ခုလုံးအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ပဲ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ စိတ်ပိုင်းဖြတ်ပြီး မှန်ကန်တဲ့စရိုက်လက္ခဏာရှိတဲ့ အသင်းတစ်သင်းကို ဖန်တီးဖို့ ကျွန်တော်တို့က ဒီကလပ်ကို လာခဲ့တာပါ။ အဲဒီစံနှုန်းတွေကို ထိန်းထားရမှာဖြစ်ပါတယ်"လို့ ပြောပါတယ်။

ကန်ဆယ်လိုဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဘိုင်ယန်မြူးနစ်သို့ အငှားဖြင့် ပြောင်းရွှေ့ခဲ့ပြီး ဒေါ့မွန်ကို ကျော်ဖြတ်ကာ ဘွန်ဒက်လီဂါဖလားကို ဆွတ်ခူးနိုင်ရန် ကူညီပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်များကြောင့် လာလီဂါချန်ပီယံ ဘာစီလိုနာက စိတ်ဝင်စားခဲ့နေပြီး လက်ရှိမှာတော့ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် အငှားဖြင့်သာ ခေါ်ယူထားနိုင်တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ကတ္တလန်ကလပ်တွင် အောင်မြင်စွာ စတင်နိုင်ခဲ့ပြီး မန်စီးတီးနှင့် သဘောတူညီမှုရရှိခဲ့ပါက ၂၀၂၄ ခုနှစ်တွင် ဘာစီလိုနာသို့ အပြီးသတ်ပြောင်းရွှေ့ရန် ဆန္ဒရှိနေပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ကန်ဆယ်လို #ပရီးမီးယားလိဂ်