ရှေ့သို့
Image

အိုဆီမန်ကို ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ဖို့ တိုက်တွန်းလိုက်တဲ့ အဒီဘာယော

1:00 PM, 9 January

ချဲလ်ဆီးနဲ့ အာဆင်နယ်ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ နာပိုလီတိုက်စစ်မှူးကို ဗစ်တာအိုဆီမန်ကို ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ဖို့ အီမန်နျူယယ်အဒီဘာယောက တိုက်တွန်းပြောကြားလာခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရပြီးကတည်းက အိုဆီမန်ဟာ အင်္ဂလန်သို့ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ မကြာခဏပြုလုပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အသက်-၂၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီက လိဂ်ပွဲ ၃၂ ပွဲမှာ ၂၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး နာပိုလီအတွက် စီးရီးအေဖလား ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီမှာလည်း ကစားသမားဟာ နာပိုလီအတွက် ၁၃ ပွဲကစားပြီး ၇ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။

တိုက်စစ်ပိုင်းလိုအပ်ချက်တွေရှိနေတဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ဟာ ကစားသမားကို ချိတ်ဆက်မှုတွေပြုလုပ်နေကြပြီး အခုဇန်နဝါရီအပြောင်းအရွှေ့မှာပဲ ခေါ်ယူနိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

သို့သော်လည်း နာပိုလီက ကစားသမားရဲ့စာချုပ်ဖျက်သိမ်းကြေးကို ၁၁၂ သန်းအထိ တိုးမြှင့်လိုက်တာကြောင့် အင်္ဂလန်ကလပ်တွေအနေနဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ အခက်ကြုံလာခဲ့ပါတယ်။ ဒါ့အပြင်ကစားသမားဟာ ယခုအခါမှာ အာဖရိကဖလား ပြိုင်ပွဲအတွက် နိုင်ငံအသင်းနဲ့ပူးပေါင်းနေတာကြောင့် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့ ခက်ခဲနိုင်တာ ဖြစ်ပါတယ်။
အပြောင်းအရွှေ့ဖြစ်ပေါ်ဖို့အခက်အခဲတွေ ရှိနေသော်လည်း အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတိုက်စစ်မှူးဟောင်း အဒီဘာယောကတော့ အိုဆီမန်ကို ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ရန် တိုက်တွန်းပြီး ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒီဒီယာဒရော့ဘာလို အောင်မြင်တဲ့ကစားသမားဘဝကို ပုံဖော်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဒီဘာယောက “သူ့ရဲ့မှန်ကန်တဲ့ခံယူချက်နဲ့ စိတ်ဓာတ်ပိုင်းက အောင်မြင်မှုဆီကို ပို့ဆောင်နိုင်မှာပါ။ သူ့အနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ပြီး သူ့ရဲ့အစွမ်းအစကို ကမ္ဘာကိုပြသင့်ပါတယ်။ ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ အခက်ခဲဆုံးနဲ့ အကောင်းဆုံး လိဂ်ပါ”  “အိုဆီမန်က သူ့ရဲ့အစွမ်းအစကို အီတလီမှာ ပြသခဲ့ပြီးပါပြီ။ အခုချိန်က အင်္ဂလန်ကိုပြောင်းရွှေ့ပြီး သူ့ရဲ့စံပြတိုက်စစ်မှူး ဒရော့ဘာရဲ့ခြေရာကို နင်းရတောမယ့်အချိန်ပါပဲ။ သူဟာ ဒရော့ဘာလိုပဲ ပရီးမီးယားလိဂ်မှာ နာမည်ကောင်းတစ်ခု ကျန်ရစ်စေဖို့ အရာအားလုံးကို လုပ်ဆောင်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒရော့ဘာဟာ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအတွက် ၁၀၄ ဂိုး အထိ သွင်းယူပြီး ပရီးမီးယားလိဂ် သက်တမ်းတစ်လျှောက် အကောင်းဆုံး အာဖရိက ကစားသမားအဖြစ် သတ်မှတ်ခံထားရတာကြောင့် ပရိသတ်တွေက အိုဆီမန်ကိုလည်း စတန်းဖို့ဒ်ဘရစ်ချ်သို့ ပြောင်းရွှေစေလိုကြတာ ဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ နိုင်ဂျီးရီးယား လက်ရွေးစင် ကစားသမားဟာ အာဖရိကဖလား ပွဲစဉ်အဖြစ် ဂီနီနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#နာပိုလီ #အပြောင်းအရွှေ့ #အဒီဘာယော #အိုဆီမန်