ရှေ့သို့
Image

ဂါနာချိုမှာထူးခြားတဲ့အရည်အချင်းတွေရှိနေတယ်လို့ ချီးကျူးပြောဆိုလာခဲ့တဲ့ မက်ဂွါရီ

3:12 PM, 21 January

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဟယ်ရီမက်ဂွါရီက သူ့ရဲ့အသင်းဖော်တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုဟာ ထူးခြားတဲ့အရည်အချင်းတွေရှိနေကြောင်းနဲ့ ဒီထက်ပိုကောင်းတဲ့ခြေစွမ်းတွေကို ပြသနိုင်ဦးမှာဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 


အင်္ဂလန်လက်ရွေးစင်ကစားသမားက ပရိသတ်တွေဟာ ဂါနာချိုရဲ့ အရည်အချင်းကို အနည်းငယ်သာမြင်ဖူးထားကြတယ်လို့ အခိုင်အမာဆိုခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်ရဲ့တရားဝင်ဝက်ဘ်ဆိုက်ဒ်သို့ မက်ဂွါရီက “သူကအခုမှ ငယ်ငယ်လေးပဲရှိပါသေးတယ်။ အများကြီးသင်ယူစရာတွေရှိပါသေးတယ်။ ဒါပေမယ့်သူက ပါရမီတွေအများကြီးရှိပြီး ထူးချွန်တဲ့ဘောလုံးသမားပါ။ သူ့အလုပ်ကိုသူ တစိုက်မတ်မတ်နဲ့ ကြိုးကြိုးစားစားလုပ်မယ်ဆိုရင် သူဟာ ဒီအသင်းမှာ တောက်ပတဲ့အနာဂတ်တွေရှိနေပါတယ်”

“ဒီရာသီမှာပရိသတ်တွေမြင်ထားတာက သူ့အရည်အချင်းတွေရဲ့ တစ်စိတ်တစ်ပိုင်းလောက်ပဲရှိပါသေးတယ်။ သူ့အနေနဲ့ အနာဂတ်မှာ အသင်းကို ဆက်ပြီးကူညီနိုင်မယ်လို့ယုံကြည်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး နောက်ခံလူက “အသင်းရဲ့အကယ်ဒမီက အလုပ်တွေအကောင်းဆုံးလုပ်နေပါတယ်။ ကစားသမားတွေခေါ်၊ နည်းပြတွေကို လေ့ကျင့်ရေးအစီအစဉ်မှာ သက်သေပြခိုင်းပြီး အခွင့်အရေးတွေပေးပါတယ်။ မန်နေဂျာကလည်း ဒီလိုအခွင့်အရေးတွေပေးဖို့ အဆင်သင့်ရှိနေပြီး ကစားသမားတွေကလည်း ထင်ကြီးလောက်စရာအရည်အချင်းကိုပြသနိုင်မယ်ဆိုရင် ပိုကောင်းတဲ့အဆင့်အတန်းမှာကစားရမှာပါ။ မန်နေဂျာကလည်း ဒီလိုအခွင့်အရေးကိုပေးဖို့ လက်တွန့်မနေပါဘူး” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ 


#မန်ချက်စတာယူနိုက်တက် #မက်ဂွါရီ #ပရီးမီးယားလိဂ်