ရှေ့သို့
Image

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပ-အကျော့ ပွဲစဉ်မှ မာဆေးလ် - အတ္တလန္တာ ပွဲကြိုခန့်မှန်းချက် (နံနက် ၁း၃၀)

1:59 PM, 2 May

 မာဆေးလ် - အတ္တလန္တာ ဒဏ်ရာရပွဲပယ်လွဲဖွယ်များ
--------------------------
မာဆေးလ် - မီတီ၊ နာဒီယာ၊ ဘမ်ဘာ၊ မာလင်၊ ရွန်ဂီယာ(သေချာပေါက်လွဲ)၊ ဂီဂေါ့(ပွဲပယ်)
အတ္တလန္တာ - ဟိုလ်မ်၊ တိုလိုအီ(သေချာပေါက်လွဲ)၊ ဟီအန်(ပွဲပယ်)

မာဆေးလ်အသင်းဟာ လိဂ်၅ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ပွဲမှာတော့ လန်းစ်ကို အနိုင်ယူကာ ဥရောပဝင်ခွင့်နေရာကို ပြန်ရောက်လာခဲ့ပါတယ်။ မာဆေးလ်က ကွာတားဖိုင်နယ်အဆင့်မှာ ဘင်ဖီကာကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ကျော်ဖြတ်ပြီး ဒီအဆင့်ကို ရောက်လာခဲ့တာပါ။

အတ္တလန္တာက လိဂ်မှာ ၃ပွဲဆက်နိုင်ထားသလို ကွာတားဖိုင်နယ်မှာလည်း နာမည်ကျော် လီဗာပူးကို ကျော်ဖြတ်ပြီး ဒီအဆင့်ကို ရောက်လာခဲ့တာပါ။ မာဆေးလ်ရဲ့မတည်ငြိမ်တဲ့ ခြေစွမ်းတွေကြောင့် ယုံကြည်မှုပြည့်၀နေတဲ့ အတ္တလန္တာတို့ အဝေးကွင်းမှာ အနည်းဆုံးသရေတစ်မှတ်ရသွားနိုင်ပါတယ်။

 
မာဆေးလ် - အတ္တလန္တာ ထိပ်တိုက်တွေ့ဆုံမှု  - မရှိ
.
မာဆေးလ် နောက်ဆုံး (၅) ပွဲရလဒ်
---------------------------------
မာဆေးလ် ၂ - ၁ လန်းစ် (၂၉-ဧပြီ-၂၀၂၄)
မာဆေးလ် ၂ - ၂ နိုက်စ် (၂၅-ဧပြီ-၂၀၂၄)
တူးလော့စ် ၂ - ၂ မာဆေးလ် (၂၁-ဧပြီ-၂၀၂၄)
မာဆေးလ် ၁ - ၀ ဘင်ဖီကာ (၁၉-ဧပြီ-၂၀၂၄)
ဘင်ဖီကာ ၂ - ၁ မာဆေးလ် (၁၂-ဧပြီ-၂၀၂၄)
.
အတ္တလန္တာ နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------
အတ္တလန္တာ ၂ - ၀ အမ်ပိုလီ (၂၈-ဧပြီ-၂၀၂၄)
အတ္တလန္တာ ၄ - ၁ ဖီအိုရင်တီးနား (၂၅-ဧပြီ-၂၀၂၄)
မွန်ဇာ ၁ - ၂ အတ္တလန္တာ (၂၂-ဧပြီ-၂၀၂၄)
အတ္တလန္တာ ၀ - ၁ လီဗာပူး (၁၉-ဧပြီ-၂၀၂၄)
အတ္တလန္တာ ၂ - ၂ ဗီရိုနာ (၁၆-ဧပြီ-၂၀၂၄)

#ပွဲကြိုသုံးသပ်ချက် #အတ္တလန္တာ #မာဆေးလ် #ယူရိုပါလိဂ်