ရှေ့သို့
Image

ယူနိုက်တက်ကနေ ထွက်ခွာဖို့ ကက်စ်မဲရိုးကို တိုက်တွန်းခဲ့တဲ့ ကာရေဂါ

11:13 AM, 7 May

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက ယူနိုက်တက်ကွင်းလယ်လူ ကက်စ်မဲရိုးအနေနဲ့ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ မနေ့ညတုန်းက ခရစ္စတယ်ပဲလေ့စ်ကို ၄ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

“ကက်စ်မဲရိုးက ဒီနေ့ညမှာ သူ့ကိုယ်သူသိခဲ့ပါတယ်။ အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ဦးအနေနဲ့ မေဂျာလိဂ် ဒါမှမဟုတ် ဆော်ဒီလိဂ်ကို ပြောင်းသင့်ပါတယ်။ သူ့အေးဂျင့်ကလည်း သူ့ကိုပြောဖို့လိုအပ်နေပါပြီ။ ကျွန်တော် သူ့ရဲ့အကောင်းဆုံး အချိန်ကိုမြင်ခဲ့ရပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်အနားယူချိန်မှာပြောသလို ဘောလုံးကမစွန့်ခွာခင်မှာ ကိုယ်ကဘောလုံးကို စွန့်ခွာရပါမယ်။ ဘောလုံးက ထိပ်တန်းအဆင့်တစ်ခုမှာ စွန့်ခွာရမှာပါ။ သူအနေနဲ့ အဲ့လိုမျိုး လုပ်ဆောင်သင့်ပါတယ်”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။

ကက်စ်မဲရိုးဟာာ ယူနိုက်တက်ကိုမပြောင်းခင် ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ၅ ကြိမ် ၊ လာလီဂါ ၄ ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးသလို အသင်းရဲ့လုပ်ခလစာအများဆုံး ကစားသမားအဖြစ်လည်း ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကာရေဂါက ကက်စ်မဲရိုးတစ်ယောက် စောစောထွက်ခွာဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

“သူ့အနေနဲ့ စောစောထွက်ခွာဖို့ လုပ်ဆောင်သင့်ပါတယ်။ အဲ့တာက သူ့အတွက်ပိုကောင်းပါတယ်။ သူက ဒီလိုမျိုး စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်တယ်ဆိုပေမယ့် ပဲလေ့စ်နဲ့ပွဲမှာ တော်တော်ဆိုးပါတယ်။ သူက မန်စီးတီးအတွက် ကစားပေးနေတာမဟုတ်သလို ရီးရဲလ်အတွက် ကစားပေးနေတာလည်းမဟုတ်ပါဘူး။ ဒီလိုအဆင့်အတန်းမျိုးနဲ့ ဒီအသင်းမှာဆက်နေဖို့မသင့်ပါဘူး။ အချိန်ကောင်းမှာ အသင်းကနေ ထွက်ခွာရပါမယ်”လို့ ကာရေဂါက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ၁၃ ပွဲအထိ အရေးနိမ့်ခဲ့တဲ့ စံချိန်တင်ထားနိုင်ခဲ့ပြီး ယခင်တုန်းက မိုယက်စ်လက်အောက်မှာနဲ့ ရိုင်ယန်ဂစ်လက်အောက်မှာ အဆိုးဝါးဆုံးရာသီတွေ ရှိခဲ့တာဖြစ်ပါတယ်။ ပဲလေ့စ်ကို ၄ ဂိုးပြတ်အရေးနိမ့်ခဲ့တာက ယူနိုက်တက်ရဲ့အကြီးမားဆုံးရှုံးပွဲဖြစ်လာခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ကက်စ်မဲရိုး #ကာရေဂါ #ပရီးမီးယားလိဂ်