ရှေ့သို့
Image

တန်ဟက်နေရာမှာ အစားဝင်မယ့်သူအဖြစ် မော်ရင်ဟိုနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ယူနိုက်တက်

9:15 AM, 8 May

မန်ချက်စတာညနေခင်းသတင်းဌာနရဲ့အဆိုအရ မော်ရင်ဟိုဟာ ယူနိုက်တက်ကို တကျော့ပြန်လာဖို့ စိတ်ကူးရှိနေကြောင်း ဆိုပါတယ်။

မော်ရင်ဟိုနဲ့ ယူနိုက်တက်အမှုဆောင် ဆာဂျင်မီတို့ရဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးအနေအထားကြောင့် အခုလိုမျိုးတကျော့ပြန်နည်းပြ ဖြစ်လာနိုင်တယ်လို့ ယူဆနေကြပါတယ်။ သတင်းတွေအရ မော်ရင်ဟိုဘက်ကတော့ ယူနိုက်တက်ရဲ့ပြန်လည်ချဉ်းကပ်လာမှုကို မမျှော်လင့်ထားဘူးလို့ သိရပါတယ်။

ပထမအကြိမ်တုန်းက မော်ရင်ဟိုဟာ ယူနိုက်တက်နဲ့အတူ ကာရာဘောင် နဲ့ ယူရိုပါလိဂ်ဖလားတွေရယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၈ - ၁၉ ရာသီမှာတော့ ရလဒ်တွေဆိုးဝါးမှုကြောင့် အထုတ်ခံခဲ့ရပါတယ်။

တန်ဟက်ကလည်း ယူနိုက်တက်အသင်းမှာ ရလဒ်တွေဆိုးဝါးနေပြီး ပဲလေ့စ်ကို အရေးနိမ့်ခဲ့တာကြောင့် ၁၉၉၀ ခုနှစ်နောက်ပိုင်း ယူနိုက်တက်အနေနဲ့ ထိပ်ဆုံး ၇ သင်းနေရာပြင်ပမှာ ရပ်တည်ဖို့ အလားအလာများနေပါတယ်။ အခြားတစ်ဖက်မှာလည်း တန်ဟက်ကို ဘိုင်ယန်က စိတ်ဝင်စားနေတယ်လို့ သတင်းတွေကြီးနေပါတယ်။ ဘိုင်ယန်ဟာ အလွန်ဆို နဲ့ ရန်နစ်တို့ကိုလွဲချော်ခဲ့ပြီးနောက် လိုပက်တီဂူကို ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။

အက်ဖ်အေဖလားမှာ ဖိုင်နယ်ကို တက်ရောက်ထားနိုင်ခဲ့ပေမယ့် တန်ဟက်ရဲ့ အနာဂတ်က မသေချာသေးတာဖြစ်ပြီး ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့မယ်ဆိုရင် အထုတ်ခံရဖို့ များနေပါတယ်။ နောက်ထပ်စမ်းသပ်မှုအဖြစ် ယူနိုက်တက်ဟာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မော်ရင်ဟို #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်